လူထောင်ချီဆန္ဒပြ

A d v e r t i s e m e n t With Us

December 7, 2020

စိုက်ပျိုးရေးဥပဒေကို မကျေနပ်၍ အိန္ဒိယနှင့်လန်ဒန်သံရုံးတွင် လူထောင်ချီဆန္ဒပြ

အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်လို့ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မှာ လူထောင်ချီ ဆန္ဒပြနေတာကို ဒီဇင်ဘာ ၆ရက်က တွေ့ရတာပါ။  မြို့တွင်း အိန္ဒိယသံရုံးဆီ ဆန္ဒပြ လူအုပ်ကြီး ရောက်လာပြီး လူအုပ်ဟာ ထရာဖှယ်ဂါ ရင်ပြင်ဆီ ချီတက်ခဲ့ကြပါတယ်။  အိန္ဒိယနိုင်ငံထဲမှာလည်း ထောင်သောင်းချီတဲ့ လယ်သမားတွေဟာ ဥပဒေ ၃ ရပ်ကို ဆန့်ကျင် ဆန္ဒပြနေပါတယ်။  အစိုးရကတော့ စိုက်ပျိုးသူတွေကို သူတို့ ထုတ်ကုန်တွေ ရောင်းချရာမှာ နည်းလမ်း ပိုရစေဖို့ နဲ့ ရှေးကျတဲ့ အရောင်းအဝယ် လုပ်ထုံးလုပ်နည်းကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့ ဒီဥပဒေ ၃ရပ်က ရည်မှန်းတာလို့ ပြောပါတယ်။  စက်တင်ဘာလက အတည်ပြုလိုက်တဲ့ ဥပဒေတွေဟာ နောက်ဆုံးမှာ အိန္ဒိယရဲ့ စည်းကမ်း ကျန်နေတဲ့ ဈေးကွက်ကို နောက်ဆုံးမှာ ပျက်စီးစေပြီး အစိုးရက ဆန်တွေ၊ ဂျုံတွေကို အာမခံ ဈေးနဲ့ ဝယ်နေတာ ရပ်သွားလို့ ပုဂ္ဂလိက ဝယ်သူတွေ သနားသလောက် ဈေးနဲ့ ချရောင်းရမှာကို စိုးရိမ်နေတာပါ။  ဗြိတိန်ဟာ အိန္ဒိယပြင်ပ အိန္ဒိယနိုင်ငံသား အများအပြား နေထိုင်ရာ နိုင်ငံဖြစ်ပြီး ဗြိတိန်လူမျိုး အများအပြားဟာလည်း အိန္ဒိယမှာ မိသားစု မျိုးရိုးရှိကြလို့ ၂ နိုင်ငံကြား သတင်းစကား ရောက်မှု အားကောင်းပါတယ်။ မြို့ပြရဲတပ်ဖွဲ့ကတော့ လန်ဒန်ဆန္ဒပြပွဲအတွင်း ပါဝင်သူတွေဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်ကို မလေးစားတာကြောင့် ဒဏ်ငွေရိုက်ခံရမယ်လို့ သတိပေးခဲ့ပြီး လူစုခွဲကြဖို့ ဆော်သြခဲ့ပါတယ်။     
2 months Ago

November 14, 2020

အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်တွင် လူထောင်ချီ စုဝေးဆန္ဒပြ

အဇာဘိုင်ဂျန်ကို နယ်မြေအသာစီးရစေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုဝင်ဘာ ၁၃ ရက်က အာမေးနီးယားနိုင်ငံ မြို့တော် ယေရီဗန်မှာ လူထောင်ချီ စုဝေးဆန္ဒပြခဲ့ပါတယ်။  ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နီကိုပတ်ရှီယန်နဲ့  My Step Alliance နိုင်ငံရေးအဖွဲ့ဝင်ပုံတွေကို ယူလာပြီး ဖျက်ဆီးကြပါတယ်။ နိုဝင်ဘာ ၁၀ ရက်က လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်မှာတော့ အောင်ပွဲခံနေပါတယ်။  နာဂေါ်နို-ခါရာဘတ်ခ် ဒေသဟာ နိုင်ငံတကာအသိမှတ်ပြု အဇာဘိုင်ဂျန် နယ်မြေ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီဒေသဟာ လူဦးရေ ထူထပ်ပြီး မကြာသေးခင်အထိ အာမေးနိးယားမျိုးနွယ်စုတွေ အပြည့်အ၀ ထိန်းချုပ်ခဲ့ပါတယ်။  မကြာသေးခင် သီတင်းပတ်တွေမှာ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေက အာမေးနီးယားမျိုးနွယ်စုတွေကို မောင်းထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတာယ်။
2 months Ago
Up