လူထုဒေါ်အမာ ကွယ်လွန်ခြင်း

April 7, 2018

လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း

  သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၇ ရက်နေ့က မန္တလေးမြို့ မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဆရာမကြီး လူထုဒေါ်အမာဟာ အသက် ၉၂ နှစ်အရွယ်  ၂၀၀၈ ခု ဧပြီ ၇ ရက် မနက် ၈ နာရီ ၃၇ မိနစ်အချိန်က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်ရပ်မှာ အဘ ဦးထင်၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က မွေးဖွားခဲ့ပါတယ်။ ။ သတင်းနှင့်ဓာတ်ပုံ - အိမ်ခိုင်မြဲ
3 years Ago
Up