လူထုအသိပညာပေး

May 20, 2020

အင်္ဂပူမြို့နယ်တွင် Mask တပ်ဆင်ရန် လူထု အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ ပျံကျစျေးတွေ၊ လမ်းဆုံလမ်းဂွတွေမှာ မြို့ခံပြည်သူတွေ အပြင်ထွက်ရင် နှာခေါင်းစည်း Mask တပ်ဆင်ဖို့အရေးကို ဌာနပေါင်းစုံနဲ့ ပြည်သူလူထုတွေ ပူပေါင်းလှုပ်ရှားအသိပညာပေး နေကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရကနေ အပြင်ထွက်ရင် Mask တပ်ဆင်ကြဖို့နဲ့ မတပ်ဆင်ပါက တဦးကို Mask သုံးခု ကျပ် ၃၀၀၀ ကျပ်နဲ့ဝယ်ယူခိုင်းဖို့  ညွှန်ကြားပြီးနောက်ပိုင်းမှာ တိုင်းအတွင်း က မြို့နယ်တွေမှာ Mask တပ်ဆင်ရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြတာပါ။ အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်မြင့်စိုးကတော့ "အဓိက နှာခေါင်းစည်းတပ်ပြီး သွားလာဖို့ အသိပညာပေးနေတာပါ။ နောက်ပိုင်း ဒဏ်တပ်မဲ့ အစီအစဉ် ရှိပါတယ်။ COVID-19 ကာလအတွင်း ရောဂါဖြစ်ပွားမှု နည်းနိုင်သလောက် နည်းစေဖို့ လုပ်ဆောင်ရတာပါ။ ပြည်သူတွေအနေနဲ့လိုက်နာစေချင်တယ်လို့” ပြောပါတယ်။ အင်္ဂပူမြို့နယ် Mask လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေါ်ဖြူဖြူကတော့ "ပြည်သူလူထုတွေ ပါဝင်ဖို့ တိုက်တွန်းပါတယ်။ အခုဆိုရင် ဧရာဝတီတိုင်းမှာ ရောဂါတွေ့ရှိသူ ရှိလာပြီဖြစ်လို့ အနေအထိုင်တွေ လည်း ဆင်ခြင်သင့်တယ်"လို့ ပြောပါတယ်။
11 months Ago
Up