လူထုသပိတ်ကော်မတီ

March 5, 2021

စစ်ကိုင်းမြို့နယ် လူထုသပိတ်ကော်မတီ ဖွဲ့စည်း

DVB

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆောင်ရွက်ဖို့ စစ်ကိုင်းမြို့နယ် လူထုသပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

သပိတ်စစ်ကြောင်း အသီးသီးမျက်နှာစုံညီအစည်းအဝေးလုပ် ဖွဲ့စည်းလိုက်တာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေ ပိုညီညွတ် စနစ်ကျစေဖို့အတွက် ဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။

ဒီကော်မတီမှာ ကိုးကွယ်ရာ ဘာသာအသီးသီးက ပါဝင်သလို ကျောင်းသားဟောင်းတွေ၊ သမဂ္ဂတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မ ဈေးသူဈေးသားတွေ စတဲ့ အဖွဲ့အစည်းတွေပါဝင်ပါတယ်။

9 months Ago
Up