လူထုထောင်ချီ

April 29, 2021

ဒီးမော့ဆိုမြို့၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသူ၏ ဈာပန လူထုထောင်ချီပို့ဆောင်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့  ဦးပေါလု​​ရဲ့ ဈာပန အခမ်းအနားကို  ဒီ‌ကနေ့ ဧပြီလ ၂၉ ရက်မှာ ပြုလုပ်ရာမှာ ဒေသခံ  မြို့ပြည်သူလူထု ထောင်နဲ့ချီပြီး လိုက် ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ဈာပနကို ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီလူမျိုးပေါင်း စုံလွတ်မြောက်ရေးတပ်မတော် က.လ.လ.တ ၊ ကယန်းပြည်သစ်နဲ့ ကယောနီ အဖွဲ့တို့ကလည်း လုံခြုံရေး ရယူပေးကာ ဈာပနအခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ဒီးမော့ဆိုမြို့နယ် စံပြ‌ ၆ မိုင် ကျေးရွာမှာ အတားအဆီးတွေကို စစ်တပ်က အင်းအားအများအပြားနဲ့လာရောက်ဖယ်ရှားစဉ် ကျေးရွာလူထုနဲ့ ထိပ်တိုက်တွေ့ပြီး   အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့လို့ စံပြ ၆ မိုင်ကျေးရွာ ကယောပိုင်းနေ အသက် ၅၀ အရွယ် ဦးပေါလု​​ သေဆုံးခဲ့ရသလို ရွာသား  ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မြန်မာတနိုင်ငံလုံးမှာ  သေဆုံးသူပေါင်း ၇၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

7 months Ago
Up