လူတဦးကို သတ်ဖြတ်ရန်ကြိုးစားခဲ့သူ၏ ရုပ်သံ သြစတြေးလျတရားရုံး ဖြန့်ချိ

December 4, 2015

လူတဦးကို သတ်ဖြတ်ရန်ကြိုးစားခဲ့သူ၏ ရုပ်သံ သြစတြေးလျတရားရုံး ဖြန့်ချိ

သြစတြေးလျနိုင်ငံ၊ ဂေးကလပ်တခုမှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က လူသတ်မှုကျူးလွန်ဖို့ အားထုတ်မှု ရုပ်သံဗွီဒီယိုဖိုင်ကို ပါရာမက်တာခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ မေလတုန်းက ဆစ်ဒနီမြို့စွန် ရိုင်ဒဲလ်မီယာမြို့က အေရိုအမည်ရ ညကလပ်ရဲ့အပြင်မှာ မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးက အခြားတဦးကို ထိုးကြိတ်ကန်ကျောက်ပြီး သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ သေနတ်နဲ့ပစ်ခတ်ခံရတဲ့လူဟာ မျက်နှာဖုံးစွပ်လူ ၂ ဦးလက်က လွတ်မြောက်ဖို့ တွားသွားကာ ကလပ်ထဲကို ပြေးဝင်သွားခဲ့တာကို တွေ့ရပါတယ်။ ဒေသတွင်းသတင်း မီဒီယာတွေရဲ့အဆိုအရ လက်ရှိအချိန်မှာ မီလက်ဘင်အာမက်ရှာအယ်အာ မက်ဇိုင်းအမည်ရအမျိုးသားဟာ လူသတ်ဖို့ ကြိုးပမ်းမှုအပါအ၀င် စွဲချက် ၅ ခု တင်ထား ခံခဲ့ရတာဖြစ်ပြီး အယူခံဝင်ထားတယ်လို့ ဆိုပါတယ်။ အေရိုညကလပ်ဟာ ဂေးတွေအချင်းချင်း လုံခြုံစိတ်ချမှုရှိစွာ တွေ့ဆုံနိုင်ဖို့  ၂၄ နာရီဖွင့်လှစ်ထားတာလို့ ဒေသတွင်းသတင်းမီဒီယာတွေက သတင်းထုတ်ပြန်ထားပါ တယ်။ မီလက်ဘင်အာမက်ရှာအယ်အာမက်ဇိုင်းဟာ ၂၀၁၄ ခုနှစ်ကလည်း သြစတြေးလျလုံခြုံ ရေးဆိုင်ရာ အဆင့်မြင့်အဖွဲ့အစည်းမှ အရာရှိတဦးရဲ့ လည်ပင်းကို လှီးဖို့ခြိမ်းခြောက်မှုနဲ့ ဂိုလ်မန်းအဆင့်မြင့် လုံခြုံရေးထောင်မှာ ၉ လချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။
6 years Ago
Up