လူဇင်ဘတ်

March 1, 2020

လူဇင်ဘတ်တွင် အခမဲ့ အများပြည်သူပို့ဆောင်ရေး စတင်

လူဇင်ဘတ်နိုင်ငံဟာ  ဖေဖော်ဝါရီ ၂၉ ရက်ကစလို့ အများပြည်သူတွေကို ရထား၊ လျှပ်စစ်ဘတ်စ်ကားနဲ့ ဘတ်စ်ကားတွေကို အခမဲ့စီးနင်းခွင့်ပေးလိုက်ပါတယ်။  ဒါဟာ လမ်းပိတ်ဆို့မှုနဲ့ညစ်ညမ်းမှုတွေကို ဖြေရှင်းဖို့နဲ့ ဝင်ငွေနည်းတဲ့သူတွေကို ထောက်ပံ့ဖို့  ဆောင်ရွက်တာလို့ အစိုးရက ပြောပါတယ်။  ဥရောပနိုင်ငံထဲက ချမ်းသာကြွယ်ဝပြီး  သေးငယ်တဲ့ နိုင်ငံငယ်လေး လူဇင်ဘတ်နိုင်ငံမှာ နေထိုင်သူ ၆ သိန်းကျော်သာ ရှိပါတယ်။  အိမ်နီးချင်း ဂျာမနီ၊ ဘယ်လ်ဂျီယမ်နဲ့ ပြင်သစ်နိုင်ငံတို့ကနေ နေ့စဉ်အလုပ်လုပ်ကိုင်ဖို့ လူ  ၂ သိန်းကျော် လာရောက်တဲ့အနက် အများစုက ကားတွေ နဲ့ လာတာပါ။   လူဇင်ဘတ်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ထက်ဝက်ကျော်ဟာ သယ်ယူပို့ဆောင်ရေး ကြောင့် ဖြစ်ပါတယ်။  လူဇင်ဘတ်နိုင်ငံဟာ  ၂၀၁၈ ကနေ ၂၀၂၈အထိ ရထားလမ်းတွေမှာ ယူရို ၃.၉ ဘီလီယံရင်းနှီး မြှုပ်နှံဖို့နဲ့ ဘတ်စ်ကားကွန်ရက်ကို အဆင့်မြှင့်တင်ဖို့နဲ့ နယ်စပ်ရှိပန်းခြံတွေနဲ့ စီးနင်းဖို့ နေရာတွေ ထပ်တိုးဖို့ စီစဉ်နေပါတယ်။  လူဇင်ဘတ်နိုင်ငံဟာ အများပြည်သူအခမဲ့သယ်ယူပို့ဆောင်ရေးကို ပထမဆုံးစတင်တဲ့ နိုင်ငံဖြစ်လာပါတယ်။  အရင်ကတော့  အက်စတိုးနီးယားနိုင်ငံရဲ့ မြို့တော်တက်လင်အပါအဝင်တချို့မြို့တွေမှာ အခု လို အခမဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးကို စမ်းသပ်ခဲ့ကြပါတယ်။ 
1 year Ago

October 12, 2019

ပေါ်တူဂီက စီရော်နယ်ဒို သွင်းဂိုး အပါအဝင် လူဇင်ဘတ်ကို ၃ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲ အုပ်စုဘီပွဲစဉ်မှာ ပေါ်တူဂီသင်းက လူဇင်ဘတ်ကို  အသင်းခေါင်းဆောင် စီ‌ရော်နယ်ဒိုရဲ့ သွင်းဂိုးအပါအဝင် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ပွဲကစားချိန် ၁၆ မိနစ်မှာ ဘရာနာဒို ဆေးလ်ဗား၊ ၆၅ မိနစ်မှာ စီရော်နယ်ဒိုနဲ့ ပွဲကစားချိန် ၈၉ မိနစ်မှာ လူစားဝင်ကစားသမား ဂွန်ဇာလိုဂူဒက်စ်တို့က သွင်းယူပေးခဲ့တာပါ။  စီရော်နယ်ဒိုဟာ အခုသွင်းဂိုးကြောင့် စီနီယာကစားသမားဘဝ သွင်းဂိုးပေါင်း ၇၀၀ ပြည့်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။ ပေါ်တူဂီအသင်းကတော့ အုပ်စု-ဘီ မှာ ၅ ပွဲကစား၊ ၃ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရမှတ် ၁၁ မှတ် ရရှိပြီး တပွဲ ပိုကစားထားတဲ့ ယူကရိန်းအသင်းရဲ့ နောက်အုပ်စု ဒုတိယနေရာမှာ ၅ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။
2 years Ago
Up