လူစွမ်းကောင်း Thor ရုပ်ရှင်ကားသစ်

January 20, 2021

လူစွမ်းကောင်း Thor ရုပ်ရှင်ကားသစ်တွင် Matt Damon ပါဝင်၊ ရိုက်ကူးရေးမစခင် ကွာရန်တင်း ဝင်နေ

နာမည်ကျော် စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်တဲ့ Thor ရုပ်ရှင်ကားရဲ့ လေးကား မြောက် Thor: Love And Thunder ရုပ်ရှင်ထဲမှာ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်း သား Matt Damon ပါဝင်သွားဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ သူဟာ ဩစတေးလျနိုင်ငံကို ရောက်ရှိနေပြီး ရိုက်ကူးရေးလုပ်ငန်း တွေ မစတင်ခင်မှာ မိသားစုနဲ့အတူ ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။ Matt Damon ဟာ ပြီးခဲ့တဲ့ Thor: Ragnarok  ရုပ်ရှင်ကားထဲက ပြဇာတ်ဇာတ်ဝင် ခန်းထဲမှာ Loki နေရာက ပါဝင်ခဲ့တာကို တွေ့ခဲ့ရပြီး ခုကားသစ်ထဲမှာတော့ ဘယ်နေရာ က ပါဝင်သွားမလဲဆိုတာ မသိရသေးပါဘူး။ ဒီကားထဲမှာတော့ လူစွမ်းကောင်း Thor အနေနဲ့ ဩစတေးလျသရုပ်ဆောင် မင်း သား Chris Hemsworth ကပဲ ပြန်လည်ပြီးတော့ ပါဝင်မှာဖြစ်ကာ နာမည်ကျော် သရုပ် ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Natalie Portman ၊ Christian Bale ၊ Chris Pratt ၊ Tessa Thompson နဲ့ Jaimie Alexander တို့လည်း ပါဝင်ထားကြပါတယ်။ ပထမဆုံးသော Thor ရုပ်ရှင်ကိုတော့ ၂၀၁၁ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီးနောက် အောင်မြင်မှုတွေ ရရှိခဲ့ကာ နောက်ဆက်တွဲရုပ်ရှင်ကားတွေဖြစ်တဲ့ Thor: The Dark World(2013) နဲ့ Thor: Ragnarok(2017) ရုပ်ရှင်ကားတွေထိ ဆက်တိုက်အောင်မြင်မှု တွေ သိမ်းပိုက်နိုင်ခဲ့တာပါ။ ခုနောက်ထပ် လေးကားမြောက် Thor: Love And Thunder ရုပ်ရှင်ကိုတော့ Jojo Rabbit(2019) ရုပ်ရှင်နဲ့ လူသိများပြီး ပြီးခဲ့တဲ့ Thor: Ragnarok (2017) ရုပ်ရှင်ကားကို လည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi က ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါ တယ်။ ဒီကားကိုတော့ လာမယ့် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ ကြေငြာ ထားခဲ့ပြီး အရင်ကားတွေလိုပဲ Box Office မှာ ရုံတင်ဝင်ငွေစံချိန်ချိုးနိုင်မလား၊ ဘယ်လို ထူးခြားတဲ့ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
9 months Ago
Up