လူစီးမိုးပျံပူဖောင်း

June 27, 2021

နယူးမက္ကဆီကိုတွင် လူစီးမိုးပျံပူဖောင်း ပျက်ကျ၊ ၄ ဦး သေဆုံး

အမေရိကန်နိုင်ငံ နယူးမက်ဆီကိုပြည်နယ် အယ်လ်ဘူကာကေးမြို့မှာ လူစီးမိုးပျံပူဖောင်း ဇွန် ၂၆ ရက်က  ပျက်ကျတာကြောင့် လူ လေးယောက် သေဆုံးပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။

လူစီးမိုးပျံပူဖောင်းဟာ လေတိုက်လို့ လျှပ်စစ်ဓာတ်အားလိုင်းတွေဆီ လွင့်သွားပြီး မီးလောင်ခဲ့တာ ဖြစ်ပုံရတယ်လို့ ရဲက ဆက်ပြောပါတယ်။ သေဆုံးသူတွေထဲမှာ မိုးပျံပူဖောင်း ပဲ့ကိုင်ထိန်းသိမ်းသူလည်း ပါသွားတယ်လို့ ဆိုပါတယ်။

 လူစီးမီးပုံးပျံပူဖောင်းဟာ အယ်လ်ဘူကာကေး နိုင်ငံတကာလေဆိပ်နဲ့ ၆ မိုင်အကွာက ဝက်စ်ဆိုဒ်ရပ်ကွက်ထဲက လမ်းထောင့်ဆီကို ပျက်ကျခဲ့တာလို့ ပြည်ထောင်စု လေကြောင်းစီမံအုပ်ချုပ်ရေးဌာန (FAA)က ဆိုထားပါတယ်။

7 months Ago
Up