လူစားဝင်ပြီး ဂိုးသွင်းသည့် ဆိုးလ်ရှား၏စံချိန်ကို ဂျရူး လိုက်မီ

December 12, 2017

လူစားဝင်ပြီး ဂိုးသွင်းသည့် ဆိုးလ်ရှား၏စံချိန်ကို ဂျရူး လိုက်မီ

ဆောက်သမ်တန်နဲ့ပွဲမှာ လူစားဝင်ပြီး ချေပဂိုးသွင်းခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျရူးဟာ မန်ယူကစားသမားဟောင်း ဆိုးလ်ရှား စံချိန်တင်ထားတဲ့ သွင်းဂိုး ၁၇ ဂိုးနဲ့ စံချိန်တူသွားပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ လူစားဝင်ပြီး ဂိုးသွင်းယူမှု အများဆုံးအဖြစ် မန်ယူကစားသမားဟောင်း ဆိုးလ်ရှားက သွင်းဂိုး ၁၇ ဂိုးနဲ့ စံချိန်တင်ထားတာပါ။ နော်ဝေတိုက်စစ်မှူး ဆိုးလ်ရှားဟာ မန်ယူအသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး မန်ယူအတွက်သွင်းခဲ့တဲ့ ၁၂၆ ဂိုးမှာ လူစားဝင်ပြီးသွင်းတဲ့ဂိုးက ၁၇ ဂိုးအထိ ရှိခဲ့တာပါ။ သူတို့ရဲ့နောက်မှာ လက်ရှိ ဝက်စ်ဟမ်းမှာကစားနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဟာနန်ဒက်စ်က သွင်းဂိုး ၁၄ ဂိုးနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဒီဖိုးနဲ့ ဒီဇီကိုတို့က ၁၃ ဂိုးစီ သွင်းယူထားပါတယ်။ အသင်းတသင်းတည်းအတွက် မဟုတ်ဘဲ ကစားခဲ့တဲ့ အသင်းတွေအားလုံးမှာ လူစားဝင်ပြီး ဂိုးသွင်းယူမှုအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူက ဘုန်းမောက်တိုက်စစ်မှူး ဂျာမိန်းဒီဖိုးဖြစ်ပြီး ၂၃ ဂိုးအထိ သွင်းယူထားပါတယ်။
3 years Ago
Up