လူစားလဲခွင့်

January 5, 2021

ကရာဘောင်းဖလား ဆီမီးဖိုင်နယ်တွင် ကစားသမား ၅ ဦး လူစားလဲခွင့်ရ

ကရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ရရှိမယ်လို့ သိရပါတယ်။ အခုနှစ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇန်နဝါရီ ၆ ရက်နေ့ မနက် ၂ နာရီခွဲ စတင်မှာဖြစ်ပြီး စပါးအသင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။  တခြားဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကိုတော့ ဇန်နဝါရီ ၇ ရက် မနက် ၂ နာရီခွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  တစ်ကျော့တည်းစနစ်နဲ့သာ ကစားတော့မယ့် အခုနှစ်ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ လူစားလဲမှု ၅ ကြိမ်အထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာတော့ ၅ ဦး လူစားလဲခွင့်ကို အသင်းငယ်တွေဘက်က လက်မခံတာကြောင့် ၃ ဦး လူစားလဲခွင့်စည်းမျဉ်းအတိုင် ဆက်လက်ကျင့်သုံးနေတာပါ။  အချိန်ပိုအထိ ရောက်သွားမယ်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်တစ်ဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပေမယ့် လူစားလဲမှုအကြိမ်အရေအတွက် စုစုပေါင်းကတော့ ၅ ကြိမ်သာရှိ ရမယ်လို့ သိရပါတယ်။
3 months Ago

August 7, 2020

ပရီးမီးယားလိဂ်တွင်  လူစားလဲခွင့် ၃ ဦးသာရမည် 

ကလပ်အသင်းအများစုရဲ့ဆန္ဒအရ လာမယ့်ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ  ၃ ဦးသာ လူစားလဲ ကစားခွင့်ရှိတော့မှာဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အခုနှစ်ရာသီနောက်ပိုင်းမှာ ပွဲစဉ်တွေဆက်တိုက် ကျင်းပခဲ့ပြီး လူစားဝင်ကစားသမား ၅ ဦး အထိခွင့်ပြုခဲ့တာပါ။  လာမယ့်ရာသီသစ်အတွက် ကလပ်အသင်းတွေကို ဆန္ဒမဲပေးခိုင်းခဲ့ရာမှာ ၃ ဦးသာ လူစားလဲ ခွင့်ပြုဖို့ အများဆုံးဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။  တန်းတက်အသင်းတွေဖြစ်တဲ့ လိဒ်ယူနိုက်တက်၊ ဝက်စ်ဘရွန်းနဲ့ ဖူဟမ်အသင်းတို့က ၃ ဦးသာ လူစားလဲခွင့်ပြုဖို့ မဲပေးခဲ့ပြီး ချဲလ်ဆီးအသင်းက လက်ရှိစနစ်အတိုင်း ၅ ဦး လူစားလဲ ခွင့်ရဖို့ မဲပေးခဲ့တယ်လို့  ဒေးလီးမေးလ်က ဖော်ပြပါတယ်။  လူစားလဲခွင့်စည်းမျဉ်းပြင်ဆင်နိုင်ဖို့ဆိုရင် အနည်းဆုံးကလပ် ၁၄ သင်းက ထောက်ခံပေးဖို့ လိုတယ်လို့ သိရပါတယ်။  နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်း IFAB  ကတော့ လာမယ့်ရာသီမှာလည်း ၅ ဦးလူစားလဲ ခွင့်ပြုမယ့် အဆိုပြုချက်ကို  ထောက်ခံပေးထားတယ်လို့သိရပါတယ်။ 
8 months Ago
More News
Up