လူငယ် ၈ ဦး

A d v e r t i s e m e n t With Us

March 15, 2020

ပုသိမ်တွင် ညဉ့်နက်ပိုင်း ဓားရှည်များ ကိုင်ဆောင်သွားလာသူ လူငယ် ၈ ဦးကို ဖမ်းဆီးအမှုဖွင့်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် ၁၃ ရပ်ကွက်မှာ မတ်လ ၁၃ ရက်နေ့ ညဉ့်နက်ပိုင်းက ဓားရှည်တွေ ကိုင်ဆောင်ပြီး အုပ်စုဖွဲ့သွားလာသူ လူငယ် ၈ ဦးကို ပုသိမ်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ အမှတ် ၁၃ ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်တွေက လှည့်ကင်းဆောင်ရွက်နေချိန်မှာ ရပ်ကွက်နေ ပြည်သူတဦးရဲ့ သတင်းပေးချက်အရ အမှောင်ထဲမှာ ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ မသင်္ကာစရာ လူငယ် ၈ ဦးကို ဖမ်းမိခဲ့တာလို့ ပုသိမ် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောပါတယ်။ “ပြည်သူတယောက်က ကျနော်တို့ကို သတင်းပေးတယ်၊ လှည့်ကင်းအဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါမှာ အဲအထဲက ၂ ယောက်ကို ဓားအရှည်တွေ ကိုင်ဆောင်ထားတာ တွေ့လို့ ဖမ်းဆီးလိုက်တာပါ၊ တခြားနေရာမှာ တွေ့ရင်လည်း အကြောင်းကြားပေးတာနဲ့ ကျနော်တို့ အချိန်မီ ဖမ်းပေးပါမယ်။” မှောင်ရိပ်ထဲတွင် ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ လူငယ်တွေဖြစ်တဲ့ ကျော်သူရ(ခ) ကျီးကန်းပါ ၈ ဦးထဲက ဓားရှည်ကိုင်ဆောင်ထားသူ ၂ ဦးကို လက်နက်ပုဒ်မ ၁၉(င) နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ ၆ ဦးကိုတော့ ရဲအက် ၃၅(ဃ) (မှောင်ရိပ်ခိုမှု)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဓားရှည်ကိုင်ဆောင်ထားတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးထားတဲ့ အမှတ် ၁၃ ရပ်ကွက်မှာ ကေတီဗွီဆိုင်တွေနဲ့ အရက်ဆိုင်တွေ အများဆုံးရှိတဲ့ ရပ်ကွက်ဖြစ်ပြီး မကြာခဏဆိုသလို အရက်သေစာ သောက်စားမူးယစ်ပြီး ရမ်းကားတာတွေ၊ ရန်ဖြစ်တာတွေ၊ ဓားနဲ့ထိုးတဲ့ဖြစ်စဉ်တွေ ဖြစ်လေ့ရှိတဲ့ ရပ်ကွက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
12 months Ago
Up