လူငယ် ၄ ဦး

December 2, 2021

ဗန်းမော်မြို့က လူငယ် ၄ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဒေသခံ လူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ ခွန်သာတပ်ကလေးရပ်ကွက်မှာနေထိုင်တဲ့ ကိုမျိုးမင်းကို၊ ဖိုးပြား ၊ ရှောကလေး နဲ့  အမည်မသိ လူငယ်တယောက်တို့ကို  PDFနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က  လာရောက်ဖမ်းဆီးသွားတာလို့  ဒေသခံတွေက ပြောပါတယ်။

"ည ၁၁ နာရီလောက်မှာ အိမ်ကနေ လာဖမ်းသွားတာ။  PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး လာဖမ်းသွားတယ်လို့တော့ သိရတယ်။ သူတို့ PDF နဲ့ အဆက်အသွယ်ရှိ၊ မရှိတော့ ကျနော်လည်း  သေချာမသိဘူး "လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

အဆိုပါ လူငယ်လေးယောက်ကို  စစ်ကောင်စီတပ်က လက်ရှိ  ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

3 days Ago

August 2, 2021

ဘုတလင်မြို့၌ ကွမ်းယာရောင်းသည့်အမျိုးသမီး ၁ ဦးနှင့် လူငယ် ၄ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊  ဘုတလင်မြို့ပေါ် စက်မှုလယ်ယာတိုက်တန်းမှာ  ကွမ်းယာဆိုင်ပိုင်ရှင်အမျိုးသမီး တစ်ယောက်နဲ့  ကွမ်းယာဝယ်နေတဲ့ လူငယ် ၄ ယောက်ကို  စစ်ကောင်စီတပ်က  ဩဂုတ် ၂ ရက် ဒီနေ့ မွန်းလွဲ ၂နာရီလောက်မှာ ဖမ်းဆီးသွားပါတယ်။ 

ဘုတလင်မြို့ခံတစ်ဦးက “ ဘာကြောင့်ဖမ်းလဲဆိုတော့ မနေ့က ဩဂုတ် ၁ ရက်နေ့က တွင်းတောင်ကျေးရွာမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားမက်က သူ့ယောက္ခမကို သတ်တဲ့သူတွေလိုဆိုပြီး ပုဂ္ဂိုလ်ရေးအရ မုန်းတီးတဲ့သူတွေကို မိုးကြိုးမုန်းတိုင်းအဖွဲ့ကပါ  ဆိုပြီး စစ်ကောင်စီတပ်တွေကို အဖမ်းခိုင်းတာ။ ကွမ်းသီး၊ ကွမ်းရွက်နဲ့  ကွမ်းယာပါရောင်း တဲ့ အသက် ၅၀ အမျိုးသမီးပါ ဖမ်းတာဆိုတော့ ဘယ်မိုးကြိုးမုန်းတိုင်းမှမဟုတ်ဘူး။”လို့ ပြောပါတယ်။

စစ်တပ်က လူငယ်တွေကို  ထင်ကြေးနဲ့ဖမ်းဆီးပြီး ပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ စစ်ကြောရေးစခန်းတွေမှာ ရိုက်နှက်စစ်ဆေးပြီး  ပြစ်မှုကျူးလွန်တယ်လို့ ခြိမ်းခြောက်ဖိအားပေး ခိုင်းစေပြီး သတင်းတွေ လိမ်ညာထုတ်ပြန်တာတွေလည်း ရှိပါတယ်။ 

ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးစခန်းမှာ  ရိုက်နှက် စစ်ဆေးတာတွရှိပြီး လက်လွန် အသက်ဆုံးရှုံးတာတွေလည်းရှိနေတာကြောင့် အခုအဖမ်းခံရတဲ့ လူငယ်လေးတွေအတွက်လည်း စိုးရိမ်တယ်လို့ ဘုတင်မြို့ခံ က ပြောပါတယ်။

4 months Ago
Up