လူငယ် ၂ ဦး သေနတ်ကျည်ဆန်ထိမှန်

March 25, 2021

မုံရွာတွင် လူငယ် ၂ ဦး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရ

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ ၈၊ ဗိုလ်တေဇလမ်းမှာ  မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်တွေက အင်အားသုံး လမ်းရှင်းရာကနေ ရပ်ကွက်လူငယ်တချို့နဲ့ ထိပ်တိုက်တွေ့ပြီး ရဲနဲ့စစ်တပ်ကပစ်ခတ်ခဲ့လို့ ရပ်ကြည့်နေသူ ၂ ဦး သေနတ်ထိမှန်ခဲ့ပါတယ်။

သေနတ်ထိမှန်သူတွေက အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး လက်မောင်း၊ ပခုံးတို့မှာ သေနတ်ထိမှန်ခဲ့တာပါ။

သေနတ်ထိမှန်သူတွေက အိမ်ပြင်ထွက်ကြည့်ရာကနေ ထိမှန်တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း အခုဖြစ်စဉ်နဲ့ မဝေးတဲ့နေရာမှာ လမ်းရှင်းတာကနေ ထိပ်တိုက်တွေ့ခဲ့လို့ လူငယ်တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးသေနတ်ထိမှန်ခဲ့ပါသေးတယ်။

2 months Ago
Up