လူငယ် ၂ ဦး ဖမ်းဆီးခံရ

August 17, 2021

ကံမမြို့နယ် ကြို့ပင်ရွာက လူငယ် ၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ကြို့ပင်ရွာမှာ သြဂုတ် ၁၇ ရက် မနက်ပိုင်းက ဒေသခံလူငယ် ၂ ယောက်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကြို့ပင်ရွာမှာ ဒီကနေ့မနက် ၁၀ နာရီလောက်က ဒလန်တွေက လက်နက်တွေရှိတယ်လို့  သတင်းပေးတာကြောင့် စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ရောက်လာပြီးတော့ ကိုအရှည်ကြီးနဲ့ ကိုခင်ဇော်မျိုးတို့ကို ဖမ်းဆီးသွားတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။

ကံမမြို့နယ်ထဲက ရဲတွေဟာ ကိုဗစ်-၁၉ ရောဂါနဲ့ လော့ဒေါင်းမိနေတာကြောင့် တစ်ခြားနယ်က ရဲ ၁၀ ယောက်ကျော်က လာရောက်ရှာဖွေရာမှာ ဘာလက်နက်မှမတွေ့ဘဲ မတရားဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

အဲဒီလူငယ် ၂ ယောက်ကို ကြို့ပင်ရဲစခန်းမှာမထားဘဲ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

3 months Ago
Up