လူငယ် ၁ ဦးသေဆုံး

March 3, 2021

မြင်းခြံမြို့၌ စစ်တပ်နှင့်ရဲက အကြမ်းဖက်ပစ်ခတ်၊ လူငယ် ၁ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

မြင်းခြံမြို့မှာ မတ်လ ၃ ရက်နေ့  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီမနက် မနက် ၁၀ နာရီ ဝန်းကျင်ကတည်းက စတင် ပစ်ခတ်ခဲ့ပြီး ၁၁ နာရီ ဝန်းကျင်မှာ ၂၁ နှစ်အရွယ် လူငယ် တစ်ဦး  မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ  ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ရတာပါ။

သေနတ်ကျည်မှန်ပြီး ဒူးခေါင်းနဲ့ ဝမ်းဗိုက်ပေါက်သူတွေ အပါအဝင် ဆန္ဒပြပြည်သူ ၁၉ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

9 months Ago
Up