လူငယ်သပိတ်စတင်ရန်ပြင်ဆင်

March 9, 2021

အင်းစိန်ပေါက်တောဝ၊ ဘုရင့်‌နောင်လမ်း လူငယ်သပိတ်စတင်ရန်ပြင်ဆင်

ရန်ကုန် အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်းပေါ်မှာ မတ်လ ၉ ရက် မနက် ၉ နာရီလောက်က စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြဖို့  သပိတ်မှောက်လူငယ်တွေက စတင်ပြင်ဆင်နေပါတယ်။

မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်တပ်နဲ့ရဲက မနက်အစောပိုင်း ကတည်းက အသံဗုံးဖောက်တာ၊ သေနတ်ဖောက်လူစုခွဲတာတွေကြောင့် မနက်ပိုင်း သပိတ်မှောက်ဖို့ အခွင့်မသာခဲ့ပါဘူး။

အင်းစိန်ပေါက်တောဝ၊ ဘုရင့်‌နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ဒီနေ့ဟာ ၇ ရက်မြောက်နေ့ဖြစ်ပါတယ်။

ဖမ်းဆီးခံခေါင်းဆောင်တွေပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲရလဒ်ကိုလက်ခံပြီး အရပ်သား အစိုးရကို အာဏာပြန်လွှဲဖို့၊ R2P ဝင်လာရေးနဲ့ CRPH ကို ထောက်ခံကြောင်း လူငယ်တွေက ပြောဆို သပိတ်မှောက်နေတာဖြစ်ပါတယ်။

9 months Ago
Up