လူငယ်များနေ့

August 30, 2020

မြောက်ကိုရီးယားတွင် လူငယ်များနေ့ အထိမ်းအမှတ်ပွဲကျင်းပ

မြောက်ကိုရီးယားနိုင်ငံမှာ လူငယ်များနေ့ အထိမ်းအမှတ်အနေနဲ့  လေဟာပြင် ဖျော်ဖြေပွဲနဲ့ ကပွဲတွေကို မြို့တော် ပြုံယမ်းက ယဉ်ကျေးမှုအိမ်တော်မှာ သြဂုတ် ၂၈ ရက်ညက ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ပါးစပ်၊ နှာခေါင်းစည်းတွေ ဝတ်ထားကြတဲ့ ထောင်ချီတဲ့လူတွေက လေဟာပြင်ပွဲတော်မှာ ပါဝင်ဆင်နွှဲရင်း ကောင်းချီးပေး ကခုန်နေပုံ ရုပ်သံကို အစိုးရ မီဒီယာ KCNA က ထုတ်လွှင့်ပါတယ်။ ဒါပေမဲ့ ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ‘ဘုန်းကျက်သရေနဲ့ လူငယ်တို့ရဲ့ သီချင်း’ လို့ နာမည်ပေးထားတဲ့ သီချင်း ၂ ပုဒ်ကို ပြုံယမ်း အနုပညာတပ်ဖွဲ့နဲ့ လူငယ်အသင်းချုပ်တို့ရဲ့ ဗဟိုကော်မတီ အနုပညာတပ်ဖွဲ့တို့က ဖျော်ဖြေခဲ့တယ်လို့ KCNA က ပြောပါတယ်။ မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာကို အစီရင်မခံသေးပေမဲ့ နိုင်ငံထဲကို ဗိုင်းရပ်စ် ရောက်နေပြီလို့ ပြောလို့ရနိုင်ကြောင်း အရင်လက ပြောပြီး ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့ အမျိုးသားတဦးကို အသွားအလာ ပိတ်ပင် ကန့်သတ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ အဲဒီအမျိုးသားရဲ့ စမ်းသပ်ချက်ရလဒ်တွေ အဖြေမပေါ်ခဲ့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
1 year Ago
Up