လူငယ်များ

April 26, 2021

ရန်ကုန်တွင် စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များ အင်အားအပြည့်ဖြင့်ပြန်ထွက်လာ

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေဟာ ဧပြီ ၂၆ရက်နေ့‌ နေ့လယ်ပိုင်ငးက ရန်ကုန်မြို့ မင်္ဂလာဈေးနဲ့ ဗညားဒလလမ်းကြားမှာ အင်အားအများအပြားနဲ့ လမ်းမပေါ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တော်လှန်ရေးနေ့မှာ ဆန္ဒပြပြည်သူတွေအပေါ် ဖက်ဆစ်ဆန်ဆန် ဖြိုခွင်းမှုများပြုလုပ်ပြီးနောက်ပိုင်း ဧပြီ တတိယအပတ်မှာ ရန်ကုန်ရဲ့ အထင်ကရနေရာတွေ၊ မြို့လယ်ခေါင်တွေမှာ လူငယ်တွေ အင်အားအများအပြား ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။

ဆန္ဒပြ လူငယ်တွေဟာ ပြည်သူလူထု လမ်းပေါ်ပြန်လည်ထွက်လာရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။

Photo - / MPA

2 years Ago

April 5, 2021

သမိုင်းက လူငယ်များရဲ့ မိုးထဲရေထဲ ပိတောက်တော်လှန်ရေး

ရန်ကုန်မြို့ သမိုင်းကလူငယ်တွေ ဧပြီ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့  မိုးထဲရေထဲ ပိတောက်တော်လှန်ရေး မြင်ကွင်းပုံရိပ်များ ။

Photo -  MPA

2 years Ago
More News
Up