လူငယ်တဦးသေဆုံး

August 1, 2021

ပစ်ခတ်ဖမ်းဆီးခံရသည့် မြတောင်စစ်ကြောင်းက လူငယ်တစ်ဦး သေဆုံး

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဆီးခုံး ကျည်ထိမှန်ခဲ့တဲ့ ကိုစိုင်းရဲရင့် နန်းတွင်းစစ်ကြောရေးမှာ မနေ့ညနေက သေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲမှာ မြတောင်စစ်ကြောင်းက လူငယ်တွေ နေထိုင်ရာအိမ်အနီး ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးရာမှ သေဆုံးသွားတဲ့ ကိုစိုင်းရဲရင့်အပါအဝင် ၂ ဦး ဒဏ်ရာရခဲ့တာလို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“မနက်က ဆီးခုံးမှန်တဲ့ တစ်ယောက် စစ်ကြောရေးမှာ ဆုံးပြီလို့သိရတယ်။ စမှန်ကတည်းက အခြေအနေမကောင်းချင်ဘူး။”

နေအိမ်အတွင်း ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။

ဒါ့အပြင် မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်းက အပြန်မှာလည်း ကျောင်းသား ၃ ယောက်ကို စစ်ကောင်စီက ကားနဲ့ တိုက်ဖမ်းဆီးရာ တစ်ဦး ဖမ်းဆီးမိသွားတယ်လို့ သိရပါတယ်။

4 months Ago
Up