လူငယ် ၂ ဦးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်ဖြင့်ပစ်သည့် အမေရိကန်ရဲအရာရှိ (ရုပ်သံ)

February 24, 2017

လူငယ် ၂ ဦးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေနတ်ဖြင့်ပစ်သည့် အမေရိကန်ရဲအရာရှိ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အန်နာဟိုင်းမြို့မှာ ဖေဖော်ဝါရီလ-၂၂ ရက်နေ့က အလုပ်ပိတ်ရက်အဖြစ် တာဝန်ကနေ ခေတ္တအနားယူထားတဲ့ ရဲအရာရှိတစ်ဦးက အသက် ၁၃ နှစ်အရွယ် လူငယ်တဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် လူတွေစုဝေးရောက်ရှိလာပြီး အဓိကရုဏ်းအသွင် ဖြစ်ခဲ့ပါတယ်။ တာဝန်ကနေ အနားယူနေတဲ့ လော့စ်အိန်ဂျလိ ရဲအရာရှိရဲ့ ခြံဝင်းထဲကို လူငယ်နှစ်ဦး ရုတ်တရက်ဝင်ရောက်လာတာကြောင့် စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီနော့က်မှာတော့ ရဲအရာရှိက သူကိုင်ဆောင်တဲ့သေနတ်ကိုထုတ်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ရာကို ဒေသခံရဲတွေ ရောက်လာချိန်မှာ အဲ့ဒီရဲအရာရှိက လူငယ်တစ်ဦးကို ဖမ်းဆီး ထားတာကိုလည်း တွေ့ရပါတယ်။ အန်နာဟိုင်းရဲတပ်ဖွဲ့က အချင်းများခဲ့တဲ့ လူငယ် ၂ ဦးကို အစပိုင်းမှာ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ မိဘတွေလက်ထဲ ပြန်အပ်ပေးခဲ့ပါတယ်။ အခုအခါ ပစ်ခတ်ခဲ့သူရဲအရာရှိကို ဘာ့ကြောင့် ပြဿနာဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါတယ်။ မှတ်တမ်းတင်ဗွီဒီယိုတွေကိုလည်း စစ်ဆေးပြီး နောက်ဆက်တွဲသတင်းအချက်အလက်တွေကို  ထုတ်ပြန်ပေးဖို့ အန်နာဟိုင်း ရဲတပ်ဖွဲ့က စီစဉ်နေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up