အသက် ၂၁ နှစ်အရွယ် အမေရိကန်လူငယ်အပြေးသမား နိုအာလိုင်လက်စ်ဟာ ဒိုင်းမွန်းလိဂ်မီတာ ၂၀၀ ပွဲစဉ်မှာ ၁၉.၅၀ စက္ကန့်နဲ့ပန်းဝင်ပြီး စတုတ္ထမြောက် အမြန်ဆုံးကစားသမားဖြစ်လာပါတယ်။
၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တို့မှာ ၁၉.၃ စက္ကန့်၊ ၁၉.၁၉ စက္ကန့်တို့နဲ့ လက်ရှိအချိန်ထိ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ထားတဲ့ အူစိန်ဘော့ကို မီဖို့ကတော့ လိုအပ်နေပါသေးတယ်။
ဒါ့အပြင် လိုင်လက်စ်ဟာ နောက်ထပ်ဂျမေကာ အပြေးသမား ယိုဟန်ဘလိတ်ခ်နဲ့ တနိုင်ငံတည်းသား မိုက်ကယ်ဂျွန်တင်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေသေးပေမယ့် အသက်ငယ်သေးလို့ အနာဂတ်မှာ ကမ္ဘာ့စံချိန်ထပ်ချိုးမယ့် ကြယ်ပွင့်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
လိုင်လက်စ်ကတော့ သူပြောနေကြစကားအတိုင်း လုပ်သင့်တာကို ဆက်လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။ အခုနှစ်အစောပိုင်းကလည်း မီတာ ၁၀၀ ပြိုင်ပွဲမှာ ၉.၈၆ စက္ကန့်နဲ့ပန်းဝင်ပြီး ၉.၈၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ရှင် အူစိန်ဘော့ပြီးပါက ဒုတိယမြောက်အမြန်ဆုံးအပြေးသမား ဖြစ်ထားပါတယ်။
2 years Ago