လူငယ်အိုလံပစ်ပြိုင်ပွဲ

October 8, 2018

လူငယ်အိုလံပစ်ပြိုင်ပွဲတွင် ရုရှားက သေနတ်ပစ်နှင့်စက်ဘီးတွင် ရွှေတံဆိပ်ဆွတ်ခူး

အာဂျင်တီးနားနိုင်ငံမှာ ကျင်းပနေတဲ့ လူငယ်အိုလံပစ်ပြိုင်ပွဲ ပထမဆုံးနေ့မှာ ရုရှားက သေနတ်ပစ်နဲ့ BMX စက်ဘီးစီး အားကစားသမားတွေ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ ပွဲစဉ်တွေမှာ  ရုရှားသေနတ်ပစ်ကစားသမား ဂရီဂေါ်ရီဆမ်မာကော့ဗ်ဟာ ၁၀ မီတာ လေသေနတ်ပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တာပါ။ အလားတူ ရုရှား BMX စက်ဘီးစီး အားကစားသမား နှစ်ဦးဟာလည်း ရွှေတံဆိပ် ရခဲ့ပါတယ်။ အမျိုးသမီး ၃ မျိုးတွဲ ပြိုင်ပွဲမှာတော့ တောင်အာဖရိကမှာ အန်ဘာရှလေဘာရှစ်ဖ်၊ အမျိုးသမီး တဦးချင်း ဓားသိုင်းပြိုင်ပွဲမှာ ဂျပန်မှ ယူကာအွယ်နိုတို့က အသီးသီး ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။ အမျိုးသား တဦးချင်း ဓားသိုင်း ပြိုင်ပွဲမှာတော့ ဟန်ဂေရီမှ ခရစ္စတီယန်ရပ်ဘ်က ရွှေတံဆိပ် ဆွတ်ခူးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up