လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးသင်တန်း ၂/၂၀၁၆ ကို အောက်တိုဘာ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲတွေမှာ တာဝန်ထမ်းဆောင်ဖို့နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ်တို့က တာဝန်ပေးအပ်လာတဲ့ ဘောလုံးပြိုင်ပွဲတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာပါ။
ဒါဟာ ဘက်စုံအရည်အချင်းပြည့်မီတဲ့ လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးကောင်းတွေ ပေါ်ထွက်လာနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာလို့လည်း ဆိုပါတယ်။
ဒီသင်တန်းမှ သင်တန်းသားဦးရေ ၂၀ တက်ရောက်မှာဖြစ်ပြီး သင်တန်းနည်းပြဆရာတွေအဖြစ် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြဆရာတွေဖြစ်တဲ့ ဦးစိုးမင်း၊ ဦးမြင့်နိုင်နဲ့ ဦးကျော်စိုးတို့က သင်ကြားပေးမှာ ဖြစ်ပါတယ်။
6 years Ago