လူချင်းခွာ

September 21, 2020

တောင်ကိုရီးယားတွင် လူချင်းခွာနေရမည့် သတ်မှတ်ချက်သက်တမ်း တပတ်ထပ်တိုး

တောင်ကိုရီးယားအစိုးရဟာ နိုင်ငံတွင်း အဆင့် ၂ လူချင်းခွာနေရမယ့် သတ်မှတ်ချက်ကို စက်တင်ဘာ ၂၇ ရက်အထိ နောက်ထပ် သီတင်းပတ်တပတ် သက်တမ်းတိုးလိုက်ပါတယ်။ စက်တင်ဘာ ၂၀ ကြေညာချက်အရ အခန်းတွင်း လူစုလူဝေးကို အယောက် ၅၀ အောက်မှာပဲ စုဖွဲ့ဖို့ ကန့်သတ်ထားပြီး လေဟာပြင် လူစုလူဝေးကိုတော့ လူတရာအောက်မှာပဲ စုရုံးဖို့ ကန့်သတ်ထားပါတယ်။ ကိုရီးယားရိုးရာ မိသားစုဆုံစည်းပွဲ ကျင်းပရာ ချူဆောင် အားလပ်ရက်အတွက် ကန့်သတ်ချက်တွေကိုလည်း ထပ်ပြီးတင်းကျပ်ကောင်းတင်းကျပ်နိုင်တယ်လို့ ရိုက်တာသတင်းသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၂ ရက်ထိ ကျင်းပမယ့် ချူဆောင် အားလပ်ရက်အတွက် လူချင်းခွာနေရမယ့် မူဝါဒတွေကို လာမယ့်ရက်တွေမှာ အာဏာပိုင်တွေက ကြေညာဖို့ မျှော်လင့်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၉ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၈၂ ယောက်ကို အတည်ပြုထားပါတယ်။ ဒါဟာ သြဂုတ်လလယ်တည်းက အခုထိ တရက်အတွင်း အနိမ့်ဆုံး ကူးစက်မှုလည်း ဖြစ်တယ်လို့ ကိုရီးယား ရောဂါဟန့်တားရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ တောင်ကိုရီးယားမှာ အခုထိ ကူးစက်ခံ အတည်ပြုလူနာဦးရေ ၂၂,၉၇၅ ယောက် ရှိထားပြီး ကူးစက်ခံ သေဆုံးသူ ၃၈၃ ယောက် ရှိပါတယ်။ သြဂုတ်လက ဒုတိယကူးစက်လှိုင်းအတွင်း နေ့စဉ် ကူးစက်ခံဦးရေဟာ အယောက် ၄၀၀ ကျော်ခဲ့ပြီး စက်တင်ဘာအစောပိုင်းမှာတော့ ကူးစက်ခံအရေအတွက်ဟာ အယောက် ၁၀၀ အောက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ 
7 months Ago

June 23, 2020

တရုတ်နိုင်ငံ တက္ကသိုလ်တစ်ခုတွင် လူချင်းခွာ အနေအထားဖြင့် ဘွဲ့နှင်းသဘင် ကျင်းပ 

တရုတ်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တစ်ခုမှာ ဇွန် ၂၃ ရက်က ကျောင်းဝင်းတစ်ခုတည်းရဲ့ သီးခြား  နေရာ ၁၆ ခုမှာ  ထိုင်ခုံတွေ ချဲပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ အနေအထားနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီလို စီစဉ်ထားပေမယ့်လည်း မြို့တော် ပေကျင်းက ဆင်းဟွာတက္ကသိုလ် ဘွဲ့ယူအခမ်းအနားကို ဘွဲ့ရမောင်မယ် ၃,၀၀၀ ကျော်ထဲက တချို့ဟာ လူကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တခြားတက္ကသိုလ်တွေလိုပဲ ဆင်းဟွာတက္ကသိုလ်ဟာ အွန်လိုင်းကနေ သင်ခန်းစာတွေ ပို့ချနေပါတယ်။ ဘွဲ့ရကျောင်းသားတစ်ယောက်ကလည်း အခုချိန်မှာ စီးပွားရေးက သိပ်မကောင်းတာမို့  အလုပ်မရမှာကို သိပ်စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တရုတ်အပါအဝင် ကမ္ဘာတဝန်း စီးပွားရေးကို အထိနာစေပြီး အလုပ်လက်မဲ့ သန်းချီဖြစ်ခဲ့ကာ ဘွဲ့ရလူငယ်တွေအဖို့  ပိုမိုခက်ခဲစေပါတယ်။  ဇွန် ၂၃  ရက်က ပေကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူ ၁၃ ယောက်ရှိပြီး အခုထိ ပေကျင်းမြို့မှာ ကူးစက်သူ  ၂၄၉ ယောက်ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
10 months Ago
Up