လူချင်းခပ်ခွာခွာအစီအမံ

A d v e r t i s e m e n t With Us

April 22, 2020

လူချင်းခပ်ခွာခွာအစီအမံဖြင့် ဗြိတိန် ပါလီမန် ပြန်စတင်

ဧပြီ ၂၁ ရက်က ပြန်စတင်တဲ့ ဗြိတိန်ပါလီမန်မှာ အမတ်တွေက ခပ်ခွာခွာနေတဲ့ အစီအမံတွေကို လိုက်နာကြတာကြောင့် ပါလီမန် တက်ရောက်တဲ့ အမတ်အရေအတွက်  မဆိုသလောက်သာ ရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို ဆက်လက်တိုက်ဖျက်နေတာကြောင့်  ပါလီမန်အတွင်း ဆွေးနွေးငြင်းခုံတာတွေကို Vedio conferencing ပုံစံ ယာယီလုပ်ဆောင်ဖို့  အကြီးတန်း အစိုးရဝန်ကြီး ဂျေကော့ရီးစ်မော့က တရားဝင် အဆိုပြုခဲ့ပါတယ်။   အစီအမံအသစ်တွေကို မေလ ၁၂ ရက်မတိုင်မီ ကနဦးလုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်   အဲဒီအချက်ကို ပြန်သုံးသပ်ကောင်းသုံးသပ်နိုင်ပါတယ်။ အောက်လွှတ်တော် အစည်းဝေးတွေကို တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကျင်းပပြီး ပထမ ၂ နာရီကို အစိုးရဝန်ကြီးတွေကို မေးမြန်းတာနဲ့ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကို ကြေညာသွားမှာပါ။ အဆိုပြုထားတဲ့စနစ်အရ ပါလီမန်အမတ် ၆၅၀ မှာ အယောက် ၅၀ သာ ပါလီမန်ခန်းမအတွင်း ဝင်ခွင့်ပြုပြီး ခပ်ခွာခွာနေရေး အစီအမံတွေကို လိုက်နာစေဖို့ ပါလီမန်အမတ်တွေဟာ ကြမ်းပြင်အမှတ်အသားတွေအတိုင်း သီးခြားစီ နေရမှာပါ။  နောက်ပါလီမန်အမတ် အယောက် ၁၂၀ ကိုတော့ တီဗွီဖန်သားပြင်က ပါဝင်ဆွေးနွေးဖို့ ရွေးချယ်သွားမှာပါ။  ကျန်အမတ်တွေကတော့ ပါလီမန် ဆွေးနွေးပွဲကို နေအိမ်ကနေပဲ အသံတိတ် စောင့်ကြည့်ရမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up