လူကြိုက်အများဆုံး

A d v e r t i s e m e n t With Us

June 5, 2020

လူကြိုက်အများဆုံးအသင်းအဖြစ် မန်ယူကို ကျော်ဖြတ်ပြီး လီဗာပူးအသင်း ရပ်တည်

ဗြိတိန်နိုင်ငံမှာ လူကြိုက်အများဆုံးဘောလုံးအသင်းအဖြစ် လီဗာပူးအသင်းက မန်ယူကို ကျော်ဖြတ်ပြီး ရပ်တည်ခဲ့ပါတယ်။  YouGov ဆိုတဲ့ ဘောလုံးဝက်ဘ်ဆိုဒ်ရဲ့ စစ်တမ်းအရ လီဗာပူးအသင်းက မဲပေးခဲ့သူတွေရဲ့ ၈.၃ ရာခိုင်နူန်းရရှိခဲ့ပြီး မန်ယူနိုက်တက်က ၆ ရာခိုင်နူန်းပဲရရှိခဲ့တာပါ။  ဗြိတိန်မှာ အင်္ဂလန်အပြင် စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန် နိုင်ငံက ပရိသတ်တွေရဲ့ စစ်တမ်းတွေလည်း ပါဝင်ပါတယ်။  စစ်တမ်းကောက်ခံရာမှာ အများပြည်သူတွေကို မတူညီတဲ့အချက် ၁၆ ချက်အလိုက် နေ့စဉ် မေးမြန်းပြီး ဆာဗေး ဆင်းခဲ့တာလို့ YouGov က ဖော်ပြပါတယ်။  အဲဒီ ၁၆ ချက်ထဲမှာ ခြေစွမ်းအပြင် အသင်းရဲ့စီမံခန့်ခွဲမှု၊ ကစားသမား နဲ့ နည်းပြတွေ၊ ပရိသတ်တွေရဲ့ ဓလေ့ထုံးတမ်း ရိုးရာအစဉ်အလာတွေနဲ့ အသင်းရဲ့ အောင်မြင်မှုမှတ်တမ်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။  တတိယလူကြိုက်အများဆုံး အသင်းအဖြစ် ချဲလ်ဆီးအသင်းက ၃.၁ ရာခိုင်နူန်းနဲ့ ရပ်တည်ခဲ့ ပြီး မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက ၂ ရာခိုင်နှုန်းစီ နဲ့အစဉ်လိုက်ရပ်တည်ပါတယ်။  အဲဒီနောက်မှာ တော့တင်ဟမ် ဟော့စပါး၊ ဝုဗ်ဗာဟမ်တန်၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ အက်စ်တွန်ဗီလာတို့က ဗြိတိန်မှာ လူကြိုက်အများဆုံး ထိပ်တန်း ၁၀ သင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
9 months Ago
Up