လူကြား

May 7, 2020

ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ နှစ်ကုန်ပိုင်းကတည်းက လူကြားထဲ ပျံ့နှံ့နေဟု ဗြိတိန်သုတေသီများ ပြော

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ဆန်းစစ်မှုလုပ်နေတဲ့ ဗြိတိသျှသုတေသီတွေက ဒီဗိုင်းရပ်စ်ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ကတည်းက လူတွေကြားထဲ ပျံ့နှံ့နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။  လန်ဒန်ကောလိပ်တက္ကသိုလ် မျိုးဗီဇအင်စတီကျုမှ သုတေသီ ဖရန်ဆွာ ဘားလော့စ် အပါအဝင် ပညာရှင်တွေက ကမ္ဘာတဝန်း အတည်ပြူလူနာပေါင်း ၇၆၀၀ ကျော်ကို ဆန်းစစ်မှုတွေလုပ်ခဲ့တာပါ။  ကိုရိုနာဗိုင်းရပ်စ်ဟာ ပထမဆုံး ကူးစက်မှုဖြစ်ပြီးတာနဲ့ လျင်မြန်စွာ ပြန့်ပွားခဲ့တယ်လို့ ဆိုပါတယ်။  ပညာရှင် ဘားလော့စ်က ဗိုင်းရပ်စ်ဟာ  ပြောင်းလဲနေတယ်ဆိုပေမဲ့ ပိုဆိုးလာတာတော့ မဟုတ်ဘူး ပြောပါတယ်။  ဆေးသိပ္ပံဂျာနယ် Infection Genetics and Evolution မှာ ဖော်ပြခဲ့တဲ့ စာတမ်းမှာ သုတေသီတွေက ၂၀၁၉ နှစ်ကုန်ပိုင်းမှာ လူတွေဆီ ဒီဗိုင်းရပ်စ် စတင်ပြန့်ပွားလာတယ်လို့ ဆိုထားပါတယ်။  CNN သတင်းကလည်း ဒီဗိုင်းရပ်စ်ပျံ့နှံ့နေခဲ့တာ အနောက်တိုင်းနိုင်ငံတွေမှာ တရားဝင် အစီရင်ခံစာတွေ  မထွက်ခင်ကတည်း ဖြစ်တယ်လို့ ပြောကြောင်း မေ ၇ ရက်နေ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
11 months Ago
Up