လူကုန်ကူးကွန်ရက်

January 20, 2021

လူကုန်ကူးကွန်ရက်ကို ဂျာမနီရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ဂျာမနီနိုင်ငံ ဆာဇိုနီအောက်ပိုင်း၊ ဘာလင်၊ နော့သ်ရိုင်းဝက်စ်ဖီလီယာနဲ့ ဟက်စ်ပြည်နယ်တွေက နေရာ ၁၁ ခုမှာ လူကုန်ကူးကွန်ရက်တစ်ခုကို ဂျာမန်ရဲတွေက မနေ့က  စီးနင်းခဲ့ပြီး လူ ၇ ယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ လူကုန်ကူးကွန်ရက်ခေါင်းဆောင်ကို လတ်တလောမှာ အိမ်နီးချင်း သြစတြီးယားနိုင်ငံထဲမှာ ထိန်းသိမ်းထားအပြီး ခုလို စီးနင်းနေတာပါ။ ဂျာမနီအနောက်မြောက်ပိုင်း ဘရီမန်မြို့တောင်ဘက်က တွစ်တဲင်းရွာထဲ လူစည်တဲ့ လမ်းနားက အိမ်တအိမ်ကိုလည်း ဝတ်စုံပြည့်ရော အရပ်ဝတ်ပါ ဝတ်ထားတဲ့ ရဲအရာရှိတွေက ဝင်ရောက် ရှာဖွေခဲ့ပါတယ်။  အစိုးရရှေ့နေတွေက ဦးဆောင်ကာ အသက် ၂၁ နှစ်ကနေ ၄၄ နှစ်ကြား ဆီးရီးယား၊ လက်ဘနွန်နဲ့ လစ်ဗျားနိုင်ငံသား ၁၉ ယောက်ကို  စုံစမ်းစစ်ဆေးနေတယ်လို့ ဂျာမန် သတင်းစာတွေမှာ ဖော်ပြပါတယ်။
9 months Ago
Up