လူကုန်ကူးခံမြန်မာ

November 17, 2016

တိုက်ခန်းတွင်း ပိတ်လှောင်ခံထားရသည့် လူကုန်ကူးခံမြန်မာ ၆ ဦးကို မလေးရဲကယ်တင်

မလေးရှားနိုင်ငံမှာ တိုက်ခန်းတခုတွင်း ပိတ်လှောင်ခံထားရတဲ့ လူကုန်ကူးခံမြန်မာ ၆ ဦးကို ရဲတွေက ကယ်တင်ခဲ့ကြရတယ်လို့ ဖရီးမလေးရှားတူဒေးသတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့က ဘန်ဒါပီရိုင်ဂျာယာအရပ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး သံသယရှိတဲ့ တိုက်ခန်းတခုကို စီးနင်းရှာဖွေခဲ့ချိန်မှာ ခုလိုတွေ့ရှိခဲ့ရတာပါ။ ၁၁ ထပ်အမြင့်ရှိ တိုက်ခန်းထဲမှာ အသက် ၁၅ နှစ်ကနေ ၄၁ နှစ်ကြား မြန်မာအမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး ပိတ်လှောင်ခံထားရတာကို တွေ့ခဲ့တယ်လို့ ဆီဘရန်ပီရိုင် တန်ဂါခရိုင် ရဲချုပ် နစ်ခ်ရော့စ်အက်ဇ်ဟန်အပ်ဗ်ဒူလ်ဟာမစ်က ပြောပါတယ်။ “ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ သူတို့ဟာ ဒီတိုက်ခန်းထဲမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ပိတ်ခံထားခဲ့ရတာပါ။ ဒီကိုမရောက်ခင်မှာတော့ သူတို့ဟာ ကျွန်းတကျွန်းထဲက တနယ်တည်းသားဖြစ်တဲ့ အိမ်တအိမ်မှာ ၁၀ ရက်လောက် နေခဲ့ကြတယ်လို့ ပြောပါတယ်။” အဲဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရဲတွေဟာ လူကုန်ကူးမှုသံသယနဲ့ တိုက်ခန်းတွင်း ပိတ်လှောင်ခံထားရတဲ့ မြန်မာတွေကို စောင့်ကြည့်နေတယ်လို့ သံသယရှိသူ  အသက် ၃၁ နှစ်နဲ့ ၃၂ နှစ်အရွယ် မြန်မာအမျိုးသား ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာပါ။ နစ်ခ်ရော့စ်အက်ဇ်ဟန်က ခုဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေအားလုံးမှာ ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်းတွေ တခုမှမတွေ့ရှိရဘဲ နောက်ထပ်ဖမ်းဆီးရမိတဲ့ အမျိုးသား ၂ ဦးဆီမှာတော့ ငွေရှင်းဖြတ်ပိုင်းတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ မလေးရှားငွေ ၃၀၁ ရင်းဂစ်ကို သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up