လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား လိင်ပြောင်းထားသူနှင့် ဗီယက်နမ်နိုင်ငံသူ ၂ ဦးကို မြန်မာရဲ ကယ်တင်

April 9, 2019

လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား လိင်ပြောင်းထားသူနှင့် ဗီယက်နမ်နိုင်ငံသူ ၂ ဦးကို မြန်မာရဲ ကယ်တင်

ထိုင်း-မြန်မာ နယ်စပ်မှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား လိင်ပြောင်းထားသူတဦးနဲ့ တရုတ်-မြန်မာနယ်စပ်မှာ ဗီယက်နမ်နိုင်ငံသူ ၂ ဦးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး မြန်မာ ရဲတပ်ဖွဲ့က ပြန်လည်ကယ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံသား လိင်ပြောင်းထားသူတဦး လူကုန်ကူးခံရဖွယ်ရှိပြီး ဒုက္ခရောက်နေတဲ့ အတွက်ရှာဖွေကယ်တင်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က  မြန်မာဘက်ကို အကူအညီတောင်းခံခဲ့တာကြောင့် ဧပြီ ၃ ရက်က ရှာဖွေ တွေ့ရှိကယ်တင်နိုင်ခဲ့တာလို့ မြန်မာရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။ ၂၀၁၉ ဇန်န၀ါရီ ၁၁ ရက်ကစပြီး ထိုင်းနိုင်ငံသားဟာ Night Club တခုမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေရပြီး အလုပ်ရှင်က ထိုင်းနိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားတဲ့အတွက် ထိုင်းနိုင်ငံသို့ ပြန်ခွင့်မရဘဲ နေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-တရုတ်နယ်စပ်မှာလည်း ဗီယက်နမ်နိုင်ငံသူ ၂ ဦး လူကုန်ကူးခံရပြီး ဒုက္ခရောက်နေကြောင်း ဗီယက်နမ်ရဲတပ်ဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ မေလ ၁၉ ရက်က ဗီယက်နမ်နိုင်ငံသူ ၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသူတွေကို စစ်ဆေးမေးမြန်းရာ တရုတ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ ဗီယက်နမ် နိုင်ငံသူတဦးက ဝင်ငွေကောင်းတဲ့ အလုပ်ရမယ်လို့ စည်းရုံးခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လူကုန်ကူးခံရသူတွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - YeZarni
2 years Ago
Up