လူကာမိုဒရစ်

A d v e r t i s e m e n t With Us

March 29, 2020

ကစားသမား ၆ ဦး ရောင်းချရန်  ရီးရဲလ်နည်းပြ စီစဉ်

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ကစားသမားသစ်တွေ ဝယ်ယူဖို့အတွက် အသင်းက ကစားသမား ၆ ဦး ရောင်းချသွားမယ်လို့ သိရပါတယ်။  နည်းပြဇီဒန်း ရောင်းချလိုတဲ့ ကစားသမား ၆ ဦးထဲမှာ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဂျိမ်းရိုဒရီဂွက်ဇ်၊ လူကာမိုဒရစ်တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူငယ်တိုက်စစ်ကစားသမား လူးကပ်ဗက်စ်ကွက်နဲ့ နောက်ခံလူတွေဖြစ်တဲ့ နာချို ဖာနန်ဒက်စ်၊ မာဆယ်လိုတို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။  စပိန် သတင်းစာ AS ရဲ့ ဖော်ပြချက်အရ နည်းပြဇီဒန်းဟာ ကစားသမားတွေကို ရောင်းချပြီး ရရှိလာတဲ့ ငွေကြေးနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ တခြား ကစားသမားတွေကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဂါရတ်ဘေးလ်နဲ့ ဂျိမ်းရိုဒရီဂွက်ဇ်တို့ ၂ ဦးကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကတည်းက ရောင်းချဖို့ ဆန္ဒရှိခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာပါ။
11 months Ago
Up