လူကာဂျိုဗစ်

May 17, 2019

ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆားဘီယားတိုက်စစ်မှူး လူကာဂျိုဗစ်ကို ဂျာမန်ကလပ် ဖရန့်ဖတ်ကနေ ယူရိုသန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂျိုဗစ်ဟာ ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ကူညီနိုင်ခဲ့ပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။ စပိန်ကလာတဲ့ သတင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးကို လာမယ့်အပတ်ထဲမှာ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ တိုက်စစ်မှူး ဂျိုဗစ်ဟာ ဆားဘီးယား လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ကစားထားပါတယ်။
2 years Ago

February 13, 2019

ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ အကြိုသဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အသက်၂၁နှစ်ရှိ ဆားဘီးယားကြယ်ပွင့်တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ ပူးပေါင်းမယ်လို့ သိရပါတယ်။ ဂျိုဗစ်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းမှာ အငှားသွားရောက်ကစားနေတာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းမွန်မှုကြောင့် ထိပ်တန်းအသင်းအများစုကလည်း စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာအသင်းက အရယူခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ လာကူဂျိုဗစ်ဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ၁၄ဂိုး၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လူငယ်တိုက်စစ်မှူး ဂျိုဗစ်ကို ခေါ်ယူခဲ့တာလို့ သိရပါတယ်။
2 years Ago
Up