လူကာကူကို

July 9, 2017

လူကာကူကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ဟု မန်ယူပြော

အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ နီးပါးနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ မန်ယူအသင်းကထုတ်ပြန်ပါတယ်။ ကနဦး ပေါင် ၇၅ သန်း ပေးချေရမှာဖြစ်ပြီးတော့ ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး နောက်ထပ် ၁၅ သန်းထပ်မံပေးချေရမယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေ မတိုင်မီမှာ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး လာမယ့်ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာလည်း ပါဝင်လာဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့  ပေါင် ၈၉ သန်းတန် ပေါ်လ်ပေါ့ဘာ ပြောင်းရွှေ့ကြေးထက် ပိုမိုများခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာကိုလည်း လက်ဦးမှုရယူသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က မော်ရင်ဟို အနေနဲ့ ချဲလ်ဆီးအသင်းကို နည်းပြစဉ်က  လူကာကူကို ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဝိန်းရွန်နီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့စေခဲ့ပါတယ်။
5 years Ago
Up