လူကာကူ

December 2, 2022

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ကွင်းထဲက အကာအရံတစ်ခုကို ဒေါသတကြီးရိုက်ခွဲ

ခရိုအေးရှားနဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေလွဲချော်ခဲ့တဲ့ တိုက်စစ်မှူးလူကာကူဟာ ပွဲအပြီးမှာ တော့ ကွင်းထဲကအကာအရံတစ်ခုကို လက်သီးနဲ့ထိုးပြီး ရိုက်ခွဲပစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ခရိုအေးရှားကို အနိုင်မရခဲ့ဘဲ ဂိုးမရှိသရေရလဒ်သာကစားနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။

တိုက်စစ်လူကာကူဟာ ဒုတိယပိုင်းစတင်ကတည်းက လူစားဝင်ကစားခဲ့ပြီး ပွဲပြီးခါ နီးမှာ ၃-၄ ကိုက်အကွာတွေကနေ အပိုင်အခွင့်အရေး သုံးကြိမ်ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းပွဲအပြီးမှာ ကွင်းဘေးက ဖန်နဲ့ပြုလုပ်ထားတဲ့ အကာအရံတစ်ခုကို လက်သီးနဲ့ ထိုးပြီးရိုက်ခွဲခဲ့တာပါ။

အဲဒီနောက်  လူကာကူကို နည်းပြအဖွဲ့ဝင်တွေက နှစ်သိမ့်ပေးခဲ့ရပြီး သူဟာ အဝတ်လဲခန်းထဲကို မျက်ရည်စတွေနဲ့ ဝင်ရောက်သွားခဲ့တာပါ။

လူကာကူဟာ ဒဏ်ရာပြဿနာတွေကြောင့် အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး မော်ရိုကိုနဲ့ ဒုတိယပွဲစဉ်မှာလည်း ၉ မိနစ်သာ လူစားဝင် ကစားခွင့်ရခဲ့တာပါ။

အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက်မှာ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ဟာ လည်း မူလကတည်းကစီစဉ်ထားတဲ့အတိုင်း အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ 

2 months Ago

November 21, 2022

ဒဏ်ရာအရှင်းမပျောက်သေးသည့် တိုက်စစ်မှူးလူကာကူ အုပ်စုပွဲစဉ် ၂ ပွဲ လွဲချော်မည်

ဒဏ်ရာအရှင်းမပျောက်သေးတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

ကလပ်အသင်းမှာကတည်းက ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ လူကာကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းနဲ့အတူ လိုက်ပါလာခဲ့ပေမယ့် ဒဏ်ရာအရှင်းမပျောက်သေးတာ ကြောင့် ထပ်မံအနားယူရမယ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေကြောင့် ကနေဒါနဲ့ပွဲစဉ်အပြင် မော်ရိုကိုနဲ့ အုပ်စုဒုတိယပွဲစဉ်ကိုပါ လွဲချော်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရိုအေးရှားနဲ့ အုပ်စုနောက် ဆုံးပွဲစဉ်ကိုလည်း  ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေဖြစ်ပြီး ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားရမှာပါ။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံသမိုင်းတလျှောက် ၆၈ ဂိုးနဲ့ ဂိုးအများ ဆုံးသွင်းထားသူဖြစ်ပြီး သူပါမဝင်နိုင်တာက အသင်းတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ရှိနေပါတယ်။

3 months Ago
More News
Up