လုံခြုံရေးကောင်စီ

April 14, 2018

ဆီးရီးယားအရေး တည်တည်ငြိမ်ငြိမ် ဖြေရှင်းရန် ကုလလုံခြုံရေးကောင်စီတွင် တရုတ်ပြော

ဆီးရီးယားအရေးမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံး လက်ရှိအခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျနော်တို့ ရပ်တည်ချက်ကို ထုတ်ဖော်ခဲ့သလို အကြံပေးတဲ့အပိုင်းမှာလည်း အပြုသဘောဆောင်တဲ့အပိုင်းက တင်ပြခဲ့ပါတယ်။ ကျနော်တို့ ရပ်တည်ချက်နဲ့ စိုးရိမ်တာတွေကိုလည်း ပြောကြားခဲ့ပါတယ်။ တဖက်မှာလည်း ဆီးရီးယားအရေးမှာ နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့အခါ လုံခြုံရေးကောင်စီရဲ့ လမ်းကြောင်းအတိုင်း တင်းမာမှုမြင့်တက်တာကို ရှောင်ရှားပြီး အခြေအနေတင်းမာမှုကို အမှန်တကယ်လျှော့ချဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံ လုပ်ဆောင်သွားမယ်လို့ လို့ လုံခြုံရေးကောင်စီဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် မာကျောင်းဇူက ပြောပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာ၊ လွတ်လပ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်လို့ စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးညှိနှိုင်းဆွေးနွေးအဖြေရှာမှုကနေ အဖြေရှာသင့်တယ်လို့လည်း တရုတ်အမြဲတမ်းကိုယ်စားလှယ်က ပြောသွားပါတယ်။
3 years Ago
Up