လုံခြုံရေးအရာရှိ

July 23, 2018

ဆန္ဒပြသူတဦးကို ရိုက်နှက်ခဲ့သည့် ပြင်သစ်သမ္မတ၏ လုံခြုံရေးအရာရှိအား တရားစွဲ

ပြီးခဲ့တဲ့ အလုပ်သမားနေ့က ဆန္ဒပြသူတဦးကို ရိုက်နှက်ခဲ့တဲ့ ပြင်သစ်သမ္မတ မာခွန်းရဲ့ အကြီးတန်း လုံခြုံရေးအရာရှိတဦးကို တရားစွဲဆိုလိုက်ပါတယ်။ အလက်ဇန္ဒြာဘီနာလာ ဆိုတဲ့ သမ္မတ မာခွန်းရဲ့ လုံခြုံရေးက ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတဦးကို ဆူပူမှုနှိမ်နင်းရေး ရဲဝတ်စုံဝတ်ပြီး ရိုက်နှက်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ပြင်သစ် လာမွန်ဒေး သတင်းစာက ထုတ်လွှင့်ခဲ့တာပါ။ သူ့ကို ပြင်သစ်သမ္မတ မာခွန်းက ဇူလိုင် ၂ဝ ရက်နေ့က အလုပ်ကနေ ထုတ်ပစ်ခဲ့ပါတယ်။ သူဟာ ရဲတပ်ဖွဲ့မဟုတ်ဘဲ အခုလို လုပ်ခဲ့တာကြောင့် အကြမ်းဖက်မှု၊ ဝတ္တရားနှောင့်ယှက်မှု စတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘီနာလာဟာ ပြင်သစ်သမ္မတ မာခွန်းရဲ့ မဲဆွယ်ပွဲ လုံခြုံရေးအဖွဲ့ဝင်တဦးဖြစ်ပြီး သမ္မတနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up