လုံခြုံရေးကို ထူးထူးခြားခြား တိုးမြှင့်ထားဟု ပီအက်စ်ဂျီပြော

November 28, 2015

လုံခြုံရေးကို ထူးထူးခြားခြား တိုးမြှင့်ထားဟု ပီအက်စ်ဂျီပြော

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) က ထူးခြားတဲ့ လုံခြုံရေးတွေ တိုးမြှင့် လုပ်ဆောင်ထားတယ်လို့ ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။ လူ ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်တိုက်ခိုက်မှုအပြီး နိုဝင်ဘာ ၂၈ ရက် ပြင်သစ်လိဂ်ဘောလုံးပြိုင်ပွဲအဖြစ် အိမ်ကွင်းမှာ ပထမဆုံးအကြိမ် တိုရေးစ်နဲ့ ကစားမှာ ဖြစ်ပါတယ်။ ကွင်းဝင်ပေါက်အခြေအနေကိုလည်း ထူးခြားအောင် လုပ်ထားတယ်လို့ ပီအက်စ်ဂျီအသင်း အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။ လုံခြုံရေးအတွက် ပွဲကြည့်ပရိသတ်တွေက အနည်းဆုံး မှတ်ပုံတင်ပုံစံတခုကို မဖြစ်မနေ ယူဆောင်လာဖို့လည်း ဆိုက်တွန်းထားပါတယ်။ အိတ်တွေ ဦးထုပ်တွေ ဆောင်းထားမယ်ဆိုရင် ကွင်းထဲကို ၀င်ရောက်ခွင့်ရမှာ မဟုတ်သလို လုံခြုံရေးကို အထူးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ အဝေးကွင်းပရိသတ်တွေကို ဒီဇင်ဘာလလယ်အထိ လာရောက်အားပေးခွင့် ပြင်သစ်မှာ တားမြစ်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုတွေအပြီး ပီအက်စ်ဂျီအသင်းက လိဂ်ပြိုင်ပွဲ ၁ ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁ ပွဲကို အဝေးကွင်းတွေမှာ ကစားခဲ့ပါတယ်။
6 years Ago
Up