လုံးဝမရှိ

A d v e r t i s e m e n t With Us

December 24, 2019

ဘာသာရေးဘက်လိုက်မှု လုံးဝမရှိဟု အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြော

အိန္ဒိယမြေပေါ်မှာ မွေးတဲ့ မွတ်စလင်တွေ ဒါမှမဟုတ် သူတို့ဘိုးဘေးတွေက အိန္ဒိယနိုင်ငံသားတွေ ဖြစ်နေရင် ဒီနိုင်ငံသားဖြစ်မှုဥပဒေနဲ့ မဆိုင်ဘူးလို့လည်း ဝန်ကြီးချုပ်  နရင်ဒြာ မိုဒီက ပြောပါတယ်။ သူ့အစိုးရက မိတ်ဆက်တဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေဟာ ဘာသာရေး ဘက်လိုက်မှု လုံးဝမရှိဘူးလို့လည်း ပြောပါတယ်။  ၂၀၁၅ မတိုင်ခင် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးလာတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက မွတ်စလင် မဟုတ်သူတွေကို အိန္ဒိယ နိုင်ငံသား ဖြစ်ခွင့်ပေးပြီး ကူညီဖို့ ဥပဒေသစ်ကို လိုအပ်တယ်လို့လည်း မိုဒီရဲ့ အစိုးရက ပြောပါတယ်။ အိန္ဒိယနိုင်ငံတဝန်းမှာတော့ အသစ်တင်သွင်းတဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမူကြမ်းဟာ မွတ်စလင်တွေကို ခွဲခြားဖိနှိပ်တယ်လို့ ဝေဖန် ဆန့်ကျင် ဆန္ဒပြနေကြ တာပါ။ ဒီအက်ဥပဒေကို လွှတ်တော်က ဒီဇင်ဘာ ၁၁ ရက်မှာ အတည်ပြုအပြီး နိုင်ငံအနှံ့ မြို့တွေမှာ ဆန္ဒပြခဲ့ကြရာမှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးပါပြီ။ ဆန္ဒပြပွဲတွေဟာ ၂၀၁၄ မှာ အာဏာရလာတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဦးဆောင်မှုကို အကြီးဆုံးစိန်ခေါ်မှုလည်း ဖြစ်လာပါတယ်။ နိုင်ငံတဝန်း ဆယ်ရက်အတွင်း ဆန္ဒပြသူ အယောက် ၁၅၀၀ ကျော်အဖမ်းခံထားရဆဲ ဖြစ်ပြီး လူအယောက် ၄၀၀၀ လောက်ကိုတော့ ဖမ်းအပြီးမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရဲတွေက အလွန်အကျွံ အင်အားသုံးတယ်။ နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးတယ်။ တက္ကသိုလ် ပရဝဏ်တွေထဲ ဝင်ပြီး ကျောင်းသားတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဝေဖန် ခံနေရပါတယ်။ ဒီဥပဒေဟာ မွတ်စလင်တွေကို ခွဲခြားဖိနှိပ်တယ်၊ နိုင်ငံသားဖြစ်မှုအတွက် ဘာသာရေးကို စစ်မေးတာဟာ လောကီသီးသန့် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အိန္ဒိယနိုင်ငံသား အများအပြားက ခံစားမိနေကြတဲ့အကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
1 year Ago
Up