လုံးခင်းကျေးရွာအုပ်စုသပိတ်

May 28, 2021

ဖမ်းဆီးမှုတွေကြောင့် ရပ်နားထားသည့် ဖားကန့် လုံးခင်းကျေးရွာအုပ်စုသပိတ် ပြန်လည်စတင်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ မေလ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

မေလ ၂၆ ရက်နေ့ ညပိုင်းက ညသိပတ်ပြုလုပ်ဖို့ လူစုနေချိန် ရဲက အလွတ်တန်းသတင်းထောက် ၁ ဦးကို ဝင်ဖမ်းခဲ့တာကြောင့် ၁ ရက်တာ ရပ်နားပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြန်လည် စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ နေ့ညမပျက်တော်လှန်ဆန္ဒပြလာခဲ့ကြတာဖြစ်ပြီး စစ်အာဏာရှင်လှုပ်ရှားမှုကြောင့် သေဆုံးသူ ၁ ဦးနဲ့ ဖမ်းဆီး ခံရသူ ၇ ဦးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

6 months Ago
Up