လုံခြုံရေး တင်းကြပ်

October 9, 2022

နန်းမြို့ရိုးဘေး သီတင်းကျွတ်ပွဲတော် လုံခြုံရေး တင်းကြပ် (ဓာတ်ပုံ)

မန္တလေးမြို့၊ ကျုံးနဲ့ နန်းမြို့ရိုးကြားက စစ်အုပ်စုဖွင့်ထားတဲ့ ရတနာပုံဥယျာဉ် အရှေ့ဘက်ခြမ်းမှာ အောက်တိုဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ လုံခြုံရေး တင်းကြပ်ပြီး သီတင်းကျွတ်ပွဲတော် ကျင်းပနေပါတယ်။ 

အဝင်အထွက် စစ်ဆေးတင်းကြပ်ထားသလို ၂၆ လမ်းကနေ ၁၂ လမ်းကြား ၆၆ လမ်းတလျှောက်က လျှောက်လမ်းပေါ်မှာလည်း လက်နက်ကိုင် လုံခြုံရေးအပြည့်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြို့မတေးဂီတအဖွဲ့၊ ကျောက်ဆည်ဆင်အက၊ မန်းစည်ပင် တေးဂီတအဖွဲ့၊ ရိုးရာခြင်းအလှကစားပြတာတွေနဲ့ ဖျော်ဖြေနေပြီး စတုဒီသာကျွေးမွေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနေရာကို စစ်တပ်မိသားစုတွေ၊ ဌာနဆိုင်ရာတွေ၊ တရုတ်လူမျိုးတွေ လာရောက် လည်ပတ်တာများတယ်လို့ တပ်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်အခါသမယတုန်းကတော့ ပြည်သူလူထုဟာ တော်လှန်သီတင်းကျွတ် အဖြစ် နေအိမ်အလိုက် ဆီမီးပူဇော်တာတွေကို တမြို့လုံးနီးပါး မပြုလုပ်ခဲ့ကြပါဘူး။

မန္တလေးမြို့ နေရာ ၂  ခုမှာ အောက်တိုဘာ ၉ ရက် သတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago

January 1, 2021

နှစ်သစ်ကူးကာလ မန္တလေးကျုံးဘေးတစ်လျှောက် လုံခြုံရေး တင်းကြပ်

၂၀၂၁ နှစ်သစ်ကူးညက မန္တလေးကျုံး ပတ်လည်တစ်လျှောက် လူစုလူဝေး မဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ကျုံးဘေးတလျှောက် ခေတ္တရပ်နား၊ လည်ပတ်သူ တချို့ကိုလည်း တာဝန်ရှိသူတွေက လိုက်လံတားမြစ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး ကာလတွေမှာတော့ မြို့တော်စည်ပင်က ဦးဆောင်ကာ နှစ်သစ်ကူး အခမ်းအနားတွေကို ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ စည်ပင်ရုံးကို မီးအလှဆင်ထားမှုသာ ရှိကာ count down အစီအစဉ်ကို ကျင်းပခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ကို‌ဗစ်-၁၉ ရောဂါကူးစက်မှု လျှော့ချနိုင်ဖို့အတွက် မန္တလေးမြို့အတွင်း လူစုလူဝေးအများဆုံး စုဝေးလေ့ ရှိတတ်တဲ့ ကျုံးနံဘေးတစ်လျှောက်လမ်းလျှောက်တာ၊ အားကစားပြုလုပ်တာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ကြဖို့ကိုလည်း ဒီဇင်ဘာလလယ်ကတည်းက မေတ္တာရပ်ခံ တားမြစ်ထားပါတယ်။ မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံ၊မဟာအောင်မြေနဲ့ အမရပူရမြို့နယ်တွေကို ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် စက်တင်ဘာလကတည်းက stay at home သတ်မှတ်ခဲ့တာဖြစ်ပြီး ကျန် လေးမြို့နယ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး stay at home ထပ်မံ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ည မထွက်ရ အမိန့်လည်း ထုတ်ပြန်ထားတာ ပါတယ်။ သတင်း- ထိန်ထိန်လင်း
2 years Ago
Up