လုံခြုံရေး ချ

A d v e r t i s e m e n t With Us

February 13, 2021

မြိတ်ဆန္ဒပြပွဲ ပြည်သူသိန်းချီပါဝင်၊ ညအချိန်ဖမ်းဆီးမှုများကိုတားဆီးရန် ပြည်သူများ လုံခြုံရေး ချထားမည်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ပြည်သူပေါင်း သိန်းနဲ့ချီပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၇ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စုပေါင်းသပိတ် စတင်ချိန်မှာပဲ ရဲတပ်ဖွဲ့က လာရောက်တားဆီးတဲ့အတွက် မူလ လမ်းကြောင်းအတိုင်း မပြတော့ပဲ အခြားလမ်းကြောင်းကနေ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတွေက မြိတ်မြို့မှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေရှေ့မှာ သွားရောက်ဟောပြောခဲ့ကြပြီး စစ်အစိုးရ ယန္တရားအောက်မှာ အလုပ်မလုပ်ကြဖို့နဲ့ CDM လှုပ်ရှားမှုမှာ ပြည်သူတွေ အခြားဝန်ထမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းပေးကြဖို့ကို ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် ညပိုင်းအချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ အခြားဒေသတွေမှာ ပြုလုပ်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ စုပေါင်းပြီး လုံခြုံရေးကင်းချကာ ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးပေါ် တစုံတရာ ဖြစ်ပေါ်လာပါက အချက်ပေးသံပုံးတီးမှုတွေပြုလုပ်မှာဖြစ်တဲ့အတွက် အဲဒီလိုအချက်ပေးသံကြားတဲ့အခါမှာ ပြည်သူတွေအနေနဲ့ လာရောက်ပူးပေါင်းကြဖို့ကိုလည်း ဟောပြောပွဲကနေတစ်ဆင့် မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း အတွင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တစ်နေ့ထက်တစ်နေ့ အရှိန်ဟုန်မြှင့်ဆောင်ရွက်နေကြပြီး တနင်္သာရီတိုင်း အတွင်းက အခြားမြို့နယ်တွေနဲ့ ကျွန်းပေါ်မှာနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေအနေနဲ့လည်း နေ့စဥ်လို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လာတာကို မြင်တွေ့နေရပါတယ်။

3 weeks Ago

November 1, 2020

အိုင်ဗရီကို့စ် ရွေးကောက်ပွဲတွင် စစ်တပ်နှင့်ရဲအင်အား ၃၅,၀၀၀ လုံခြုံရေး ချထား

အနောက်အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ အောက်တိုဘာ ၃၁ ရက်က သမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အား ၃၅,၀၀၀ လုံခြုံရေး ချထားပါတယ်။ လက်ရှိ သမ္မတ အလက်ဇန် ဝယ်သာဟာ တတိယ  သက်တမ်းအတွက် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ  ပြိုင်လက်ကိုယ်စားလှယ်လောင်း နှစ်ယောက်က  ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။  စီးပွားရေး မြို့တော် အဘစ်ဂျန် လမ်းတွေဟာ လူသူကင်းမဲ့ တိတ်ဆိတ်နေပြီး ဒါဟာ အိုင်ဗရီကို့စ်ရဲ့ တည်ငြိမ်မှုကို စမ်းသပ်မှုအဖြစ် ရှုမြင်ကြပါတယ်။  ရွေးကောက်ပွဲမတိုင်ခင်က အဘစ်ဂျန်လမ်းတွေပေါ်မှာ ပဋိပက္ခတွေ ဖြစ်ပြီး လူအယောက် ၃၀ သေဆုံးခဲ့ပါတယ်။ နောက်ပြ◌ီး ဒီပဋိပက္ခတွေဟာ  ဝယ်သာဟာ  အနိုင်ရခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို  ပြန်အမှတ်ရစေပေမယ့် လူသုံးထောင် သေဆုံးခဲ့တဲ့ ခဏတာ ပြည်တွင်းစစ်ကို ဖြစ်စေပါတယ်။  အခုရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးဖွယ် မရှိပေမယ့် လက်ရှိသမ္မတ ဝယ်သာဟာပဲ အနိုင်ရဖွယ်ရှိပါတယ်။   ရွေးကောက်ပွဲနေ့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အား ၃၅,၀၀၀ လုံခြုံရေးချထားတယ်လို့လည်း အစိုးရက ပြောဆိုထားပါတယ်။
4 months Ago
Up