လုံခြုံရေးဥပဒေကြမ်း

January 31, 2021

ပါရီတွင် လုံခြုံရေးဥပဒေမူကြမ်းကို ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင် ရုန်းရင်းဆန်ခတ်ဖြစ်

လုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ပြင်သစ်မြို့တော် ပါရီမှာ ရဲတွေနဲ့ ဝတ်စုံဝါ ဝတ်ထားတဲ့ ဆန္ဒပြသူတွေ ဇန်နဝါရီ ၃၀ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အရင်ဆန္ဒပြပွဲတွေထက် သိသိသာသာ လူပိုနည်းလာတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

လုံခြုံရေးတပ်တွေရဲ့ စောင့်ကြည့်ရေးကိရိယာတွေ ပိုတိုးသုံးဖို့နဲ့ မီဒီယာတွေနဲ့ အွန်လိုင်းတွေ ပေါ်မှာ ရဲတွေရဲ့ ပုံကို ဖြန့်ဝေတင်ပြခွင့် ကန့်သတ်တဲ့ အဆိုပြု ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြ နေကြတာပါ။

အရင်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်တွေ အဖြစ်များလာလို့ ဆန္ဒပြသူတချို့ ပင်ပန်းတာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေတာတွေကြောင့် ဆန္ဒပြသူဦးရေ ကျဆင်းလာနေတယ်လို့ ရိုက်တာက ပြောပါတယ်။

9 months Ago
Up