လုံခြုံရေးအရေးပေါ်အခြေအနေ

A d v e r t i s e m e n t With Us

January 12, 2021

ဂျိုးဘိုင်ဒင်၏ သမ္မတရာထူးလက်ခံပွဲအတွက် လုံခြုံရေးအရေးပေါ်အခြေအနေ ကြေညာ

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရာထူးလက်ခံပွဲမှာ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပြီးနောက် သမ္မတထရမ့်က ဝါရှင်တန်မှာ ဇန်နဝါရီ ၂၄ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာဖို့ ခွင့်ပြုလိုက်ပါတယ်။ ကပ်ရောဂါကြောင့် ဇန်နဝါရီ ၂၀ ရက်မှာ ကျင်းပမယ့် ဘိုင်ဒင်ရဲ့ ရာထူးလက်ခံပွဲကို အကျဉ်းချုံး ကျင်းပသွားမှာဖြစ်ပြီး အဲဒီမတိုင်မီ ဝါရှင်တန်မှာ လုံခြုံရေးတပ်လှန့်ထားဆဲ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင် တစ်သောင်းခွဲအထိ စေလွှတ်ဖို့ အမျိုးသားအစောင့်တပ်ကို ဇန်နဝါရီ ၁၁ ရက်က ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ထောက်ခံသူတွေ ပိုမို အကြမ်းဖက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဝါရှင်တန်အထိမ်းအမှတ်နေရာကို ကမ္ဘာလှည့်ခရီးသွားတွေ  လည်ပတ်ခွင့် တားမြစ်ထားပါတယ်။  ရာထူးလက်ခံပွဲမတိုင်မီ မြို့တော် ဝါရှင်တန်နဲ့ ပြည်နယ် ၅၀ တို့ရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြဖို့ စီစဉ်နေတယ်ဆိုပြီး FBI က သတိပေးထားတယ်လို့ FBI တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
2 months Ago
Up