လုံခြုံရေးအဆင့်အတန်း မထိခိုက်

A d v e r t i s e m e n t With Us

January 26, 2021

ထီလက်မှတ်အချို့ ဆေးရောင်လွင့်ပြယ်သော်လည်း လုံခြုံရေးအဆင့်အတန်း မထိခိုက်ဟုဆို

အောက်ခံအရောင်ပြောင်းလဲပြီး ထုတ်ဝေရောင်းချနေတဲ့  လက်ရှိ အောင်ဘာလေ ထီလက်မှတ်တချို့ ဆေးရောင်လွင့်ပြယ်သွားပေမယ့် လုံခြုံရေးအဆင့်အတန်း မထိခိုက်ဘူးလို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ပါတယ်။

လုံခြုံမှုအရည်အသွေး ပိုကောင်းစေဖို့အတွက် အခု ၂၄ ကြိမ်မြောက် အောင်ဘာလေ ကျပ် ၁၀၀၀ တန် ထီလက်မှတ်တွေရဲ့ အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ပြောင်းလဲ ရိုက်နှိပ်ထုတ်ဝေခဲ့ တာပါ။

အဲဒီထဲက ထီလက်မှတ်တချို့ဟာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ ဆေးရောင်လွင့်ပြယ်ခဲ့တာကိုတွေ့ရပေမဲ့ ထီလက်မှတ်တွေမှာ ထည့်သွင်းထားတဲ့ လုံခြုံမှုအဆင့်အတန်းတွေကို မထိခိုက်ဘဲ စိတ်ချလက်ချ ဝယ်ယူကံစမ်းနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေသိန်းဆုဖွင့်ပွဲကနေ ထွက်ပေါ်လာမယ့် ဆုရထီလက်မှတ်တွေနဲ့ ဆုငွေတွေထုတ်ယူရာမှာ အခက်အခဲမရှိစေဖို့ စိစစ်ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

အောင်ဘာလေထီလက်မှတ်တွေကို ငွေစက္ကူတွေရိုက်နှိပ်ပေးနေတဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး (ဝါဇီ) မှာ ရိုက်နှိပ်တာဖြစ်ပါတယ်။

1 month Ago
Up