လုံခြုံရေးအင်အားတိုး

September 18, 2021

ပေါက်ကွဲမှုဖြစ်ခဲ့သည့် ခရမ်းမြို့တွင် လုံခြုံရေးအင်အားတိုး စစ်ဆေး

မနေ့ညက ရန်ကုန်တိုင်း ခရမ်းမြို့မှာ ပေါက်ကွဲ ပစ်ခတ်တာတွေ ဖြစ်ပြီးနောက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ အင်အားတိုးလာပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ပိုင်းမှာ သုံးခွကနေ စစ်ကား ၂ စီးနဲ့ လူ ၃၀ ထပ်ရောက်လာတယ်။ မြို့အဝင်အထွက် အားလုံးကို စစ်နေတယ်။ အလယ်ရွာ စာသင်ကျောင်းမှာ တပ်စွဲလို့ ရွာသားတချို့လည်း ရှောင်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ခရမ်း-မောင်းမ-ဖားကူး-သပြေကုန်း-သန်လျင် စတဲ့ လမ်းကြီးတွေအပါအဝင် မြို့ဝင် မြို့ထွက်ကိုလည်း ပိတ်ဆို့ထားပြီး နှာခေါင်းစည်းစစ်တာ၊ လက်ကိုင်ဖုန်းစစ်တာတွေ လုပ်သလို ကားတွေကိုလည်း စစ်ဆေးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခရမ်းချောင်းလမ်းအတိုင်း စက်လှေတွေနဲ့ ရွာတွေဘက်ကို သွားတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညက ခရမ်းမြို့ အားကစားရုံမှာ ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ခရမ်း ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

PDF ဘက်က ကျဆုံးသူ ၃ ယောက်ရှိတယ်လို့ သိရပြီး ဒီထဲက တယောက်ဟာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက CDM ဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

3 months Ago

February 9, 2021

သန်လျင်တံတားတွင် လုံခြုံရေးအင်အားတိုးပြီး သံဆူးကြိုးများဖြင့် ပိတ်ဆို့ထား

သန်လျင်-ရန်ကုန် တံတားအတက်မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူတွေ သွားလို့မရအောင် ဒီနေ့မနက် လုံခြုံရေးအင်အားတိုးမြင့်ပြီး သံဆူးကြိုးတွေနဲ့ ကာရံကာ တံတားပေါ်ဖြတ်သွင်းခွင့်မပြုဘူးလို့ သိရပါတယ်။

တံတားပေါ်မှာလည်း ရဲကားတွေနဲ့ ပိတ်ဆို့ထားပါတယ်။

ဆန္ဒပြသူတွေက ရဲတွေက ပြည်သူပါပဲဆိုပြီး ပြည်သူ့ရဲ ပြည်သူ့ရဲ၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ အာဏာရှင်စနစ်ကျဆုံးရေး၊ စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ အမေစုကျန်းမာပါစေ စတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြနေကြပါတယ်။

ဒီမနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ လုံခြုံရေးရဲတွေက အတားအဆီးတွေကို ဖယ်ရှားပြီး ဆန္ဒပြပြည်သူတွေကို သွားခွင့်ပြုလိုက်ပါတယ်။

10 months Ago
Up