ရုရှား ငြိမ်းချမ်းရေးတပ်တွေဟာ နာဂေါ်နိုခါရာဘတ်ဒေသရဲ့ လာချင်းစင်္ကြံလမ်းထဲမှာ ကားတွေသွားမယ့် လမ်းကြောင်းကို လုံခြုံရေးယူပေးနေရပါတယ်။
ဒီလမ်းဟာ ၆ ကီလိုမီတာရှည်ပြီး ဒေသတွင်းက အာမေးနီးယားနိုင်ငံသားတွေ အာမေးနီးယန်း တိုင်းရင်းသားတွေ ထူထူထပ်ထပ် နေထိုင်တဲ့ နယ်မြေတွေကို ချိတ်ဆက်ထားပါတယ်။
ရုရှား ငြိမ်းချမ်းရေးတပ်တွေဟာ ဒေသအတွင်း လေ့လာရေးစခန်း ၂၃ ခုကိုလည်း တည်ထားပြီး ဒေသတွင်း မြို့ရွာတွေဆီကို ကုန်စည်နဲ့ ရေ ဖြန့်ဖြူးပေးရာမှာရော လျှပ်စစ်ဓာတ်အား ပြန်ရအောင်ပါ ကူညီခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့အပြင် ဒေသခံ ၁၁,၀၀၀ သူတို့အိမ်တွေဆီ ဘေးကင်းကင်း ပြန်နိုင်ရေးကိုလည်း ရုရှား ငြိမ်းချမ်းရေးတပ်က လုံခြုံရေးယူပေးခဲ့တယ်လို့လည်း ပြောပါတယ်။
နာဂေါ်နိုခါရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံက ပိုင်တယ်လို့ နိုင်ငံတကာက လက်ခံထားပေမယ့် အာမေးနီးယား တိုင်းရင်းသားတွေ အများစု နေထိုင်ပြီး သူတို့ကိုယ်တိုင် အုပ်ချုပ်ပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက် အဇာဘိုင်ဂျန် တပ်တွေနဲ့ ဒေသခံ အာမေးနီးယားတိုင်းရင်းသားတွေ တပ်တွေကြား တိုက်ပွဲဖြစ်အပြီး နယ်မြေတွေကို အဇာဘိုင်ဂျန်က ပြန်သိမ်းပိုက်ခဲ့ပါတယ်။
5 months Ago