လုံခြုံရေးတပ်

A d v e r t i s e m e n t With Us

May 31, 2020

လူမည်းအမျိုးသားသေဆုံးမှု ၄ ရက်ဆက် ဆန္ဒပြ၊ လုံခြုံရေးတပ်များ ကင်းလှည့်

အမေရိကန်နိုင်ငံ  မင်နီယာပိုလစ်မြို့မှာ ရာနဲ့ချီတဲ ဆန္ဒပြသူတွေ ည ၈ နာရီနောက်ပိုင်း  အပြင်မထွက်ရ အမိန့်ကို ဖီဆန်ပြီး ၄ ရက် ဆက်တိုက် ဆန္ဒပြခဲ့ကြတာကြောင့် မေလ ၃၀ ရက်က အမျိုးသားအစောင့်တပ်တွေ ကင်းလှည့်နေပါတယ်။   ဒေသခံမီးသတ်သမားတွေက E Lake Street  လမ်းဆုံမှာရှိတဲ့ အ‌ဆောက်အဦတလုံးကို မီးငြှိမ်းသတ်နေပါတယ်။ မင်နီယာပိုလစ်မြို့မှာ ဒီသတင်းပတ် အစောပိုင်းက  ရဲဖမ်းဆီးမှုတခုအတွင်း ဂျော့ဂျ်ဖလိုက်ဆိုသူ လူမည်းတဦးသေဆုံးခဲ့တာကို အကြောင်းပြုပြီး ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်  လုယက်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။  ဂျော့ဂျ်ဖလွိုက် သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲအရာရှိ  ဒဲရက်ရှိုဗန်ကိုလည်း လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။  မင်နီဆိုးတားပြည်နယ်ရဲ့ အကြီးဆုံးမြို့မှာ ၃ ညမြောက်  မီးရှို့တာ၊ လုယက်တာနဲ့ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးတာတွေ လုပ်ခဲ့ပြီးနောက်မှာ ဟန်နီပင်ကောင်တီ အစိုးရရှေ့နေတွေက   ဒဲရက်ရှိုဗန်ကို စွဲချက်တင်ခဲ့တာပါ။ မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြသူတွေက ရဲစခန်းကို မီးရှို့ခဲ့ပြီးနောက်  တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားအစောင့်တပ်ကို ဖြန့်ကြက်ခဲ့ပါတယ်။ 
9 months Ago
Up