လုံခြုံရေးခြိမ်းခြောက်မှု

November 28, 2020

လုံခြုံရေးခြိမ်းခြောက်မှု ပူးပေါင်းရင်ဆိုင်ကြရန် တပ်ဖွဲ့ဝင်များကို ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဆူဂါဟာ နိုဝင်ဘာ ၂၈ ရက်က ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်ဆေးခဲ့ပြီး မြင့်တက်လာတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့အတွက် ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။  နှစ်စဉ် ကြည်း၊ ရေ၊ လေ  တလှည့်စီ ကျင်းပတဲ့ တပ်စစ်ဆေးအခမ်းအနားကို ဆိုင်းတာမား စီရင်စုရှိ အာရုမာလေတပ်စခန်းမှာ ပြုလုပ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် အခမ်းအနားကို အကျဉ်းချုံးခဲ့သလို  လေယာဉ်ပျံသန်းတာတွေနဲ့ ဧည့်ပရိသတ်တွေ  မရှိဘဲ ကျင်းပခဲ့တာပါ။  အခမ်းအနားမှာ ဝန်ကြီးချုပ် ဆူဂါက ဂျပန်လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ အာကာသ၊ ဆိုက်ဘာနယ်ပယ်နဲ့ လျှပ်စစ်သံလိုက်နယ်ပယ်တွေလို တိုက်ပွဲအသစ်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ လုံခြုံရေး မဟာဗျူဟာက အမေရိကန်နဲ့ မဟာမိတ်ပြုထားတဲ့အပေါ်မှာ အခြေခံပေမယ့် ဂျပန်ဟာ  ထိပ်တန်းကုန်သွယ်ဖက် တရုတ်နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ယှဉ်ပြိုင်ရှာဖွေနေပါတယ်။
5 months Ago
Up