လုရှော ဒဏ်ရာရမှု ပီအက်စ်ဗွီနောက်ခံလူ တောင်းပန်

September 16, 2015

လုရှော ဒဏ်ရာရမှု ပီအက်စ်ဗွီနောက်ခံလူ တောင်းပန်

ပီအက်စ်ဗွီအသင်း နောက်ခံလူ ဟတ်တာ မိုရီနိုက သူ့ရဲ့ ဘောလုံးဖျက်ထုတ်မှုကြောင့် မန်ယူနောက်ခံလူ လုရှော ခြေထောက် ဒဏ်ရာရသွားတဲ့အတွက် တောင်းပန်လိုက်ပါတယ်။ မန်ယူနဲ့ ကစားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ လုရှော ဘောလုံး ဆွဲပြေးလာတာကို ပီအက်စ်ဗွီ နောက်တန်းလူ မိုရီနိုက ခပ်ကြမ်းကြမ်း ဖျက်ထုတ်ရင်းကနေ ဒဏ်ရာရသွားတာပါ။ အဲဒီဒဏ်ရာကြောင့် လုရှောရဲ့ ညာဘက် ခြေသလုံးမှာ အရိုး ၂ ချောင်း ကျိုးတဲ့အထိ ဒဏ်ရာရသွားခဲ့တာပါ။ အခု ဖြစ်ရပ်မှာ ကျနော်လည်း ပါဝင်နေတဲ့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်လို့ မိုရီနီက ပြောပါတယ်။ မက္ကဆီကို လက်ရွေးစင် မိုရီနီဟာ သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေထောက် အရိုးကျိုးတဲ့ ဒဏ်ရာကို ခံစားခဲ့ရဖူးပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် နောက်တန်းလူဟာ ဒဏ်ရာအတွက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ မန်ယူမှာ ခြေစွမ်းပြနေတဲ့ လုရှောဟာ အခုဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကနေ အနည်းဆုံး ၆ လလောက်အထိ အနားယူရမှာ ဖြစ်ပါတယ်။
6 years Ago
Up